ပုသိမ်မြို့က “ဝယ်ပေးမယ် (ပုသိမ်)” အဖွဲ့

ပုသိမ်မြို့က “ဝယ်ပေးမယ် (ပုသိမ်)” အဖွဲ့

ဇူလိုင် ၂၂

Stay at Home သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ ကိုဗစ်တတိယလှိုင်းအတွင်း လူသေဆုံးမှုတွေ မြင့်တင်လာခဲ့ပြီး ပုသိမ်မြို့ပေါ်နေပြည်သူတွေ မလိုအပ်ပဲ အပြင်မထွက်စေဘဲ ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ခံရမှာကို စိုးရိမ်တာကြောင့် လူငယ်တွေစုစည်းပြီး ဝယ်ပေးမယ် (ပုသိမ်)အဖွဲ့ကို ဇူလိုင်လ ၁၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပါတယ်။

အပြင်မထွက်ပဲ စျေးဝယ်ချင်တဲ့ ပြည်သူတွေက ဝယ်ပေးမယ် (ပုသိမ်)အဖွဲ့ရဲ့ အွန်လိုင်းစာမျက်နှာမှာကြေညာထားတဲ့ ဖုန်းနံပါတ်နဲ့ Messenger တွေကတဆင့် စျေးဝယ်ဖို့အကူအညီတောင်းနိုင်တယ်လို့သိရပြီး ဝယ်ယူလိုတဲ့ ပစ္စည်းတွေ လက်ထဲရောက်မှသာ ငွေပေးချေရမှာဖြစ်တယ်လို့ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

"ပထမစဖွဲ့တော့ကျွန်တော်တို့မှာ အဖွဲ့ဝင် ၁၅ ယောက်နဲ့ပိုက်ဆံ ၄ သောင်းပဲရှိတော့ နဲနဲတော့ခက်ခဲတယ်၊ ခုနောက်ပိုင်းတော့အဆင်ပြေပါတယ်၊ပစ္စည်းတွေက တစ်ဆိုင်နဲ့တစ်ဆိုင်စျေးမတူတော့ အဲ့ဒီအခက်အခဲလဲရှိတယ်၊ ဒါပေမဲ့ ဝယ်ခိုင်းတဲ့သူတွေအကုန်လုံးက ကျေးဇူးတင်ကြောင်းပြောကြပါတယ်၊ အောက်ဆီဂျင်အိုး တန်းစီပေးတာမျိုးတွေလဲ လုပ်ပေးပါတယ်၊ အကုန်လုံးကို အခမဲ့ကူညီနေတာပါ"လို့ အဖွဲ့ဝင်တစ်ဦးက မဇ္စျိမကို ပြောပါတယ်။

လက်ရှိမှာတော့ ဝယ်ပေးမယ် (ပုသိမ်)အဖွဲ့ကို ပုသိမ်မြို့ပေါ်ပြည်သူတွေက အလှူငွေတွေ၊ကြက်ဥတွေ နဲ့ဆန်တွေလှူလာတာမျိုးတွေရှိလာတယ်လို့သိရပြီး ရရှိလာတဲ့ အလှူငွေနဲ့ ပစ္စည်းတွေကို ငွေကြေးအဆင်မပြေတဲ့ နေထိုင်စားသောက်ဖို့ ခက်ခဲနေသူတွေကို ပြန်လည် လှူဒါန်းပေးနေတယ်လို့လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required