တေလာဆွဇ်၊ The Weeknd နှင့် ကန်ထရစ်ခ်လာမာတို့ ၂၀၁၆ ဂရမ်မီဆုအတွက် ဆုခုနှစ်ဆု အဆိုပြုခြင်းခံရ

တေလာဆွဇ်၊ The Weeknd နှင့် ကန်ထရစ်ခ်လာမာတို့ ၂၀၁၆ ဂရမ်မီဆုအတွက် ဆုခုနှစ်ဆု အဆိုပြုခြင်းခံရ

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၈ ။           ။  ၂၀၁၆ ဂရမ်မီဆုအတွက် အဆိုပြုခံထားရသော စာရင်းကို နောက်ဆုံးတွင် ထုတ်ပြန်ခဲ့ရာ ကန်ထရီးအဆိုတော် တေလာဆွဇ် ၊  The Weeknd  နှင့် ကန်ထရစ်ခ်လာမာတို့သည်  တစ်ဦးလျှင် ဆုခုနှစ်ဆုဖြင့်  ဦးဆောင်လျက်ရှိသည်။

တေလာဆွဇ် ၏ “Black Space” တေးသီချင်းသည်  Record of The Year ၊  Song Of The Year နှင့် Best Pop Solo Performance ဆုတို့အတွက် ရွေးချယ်ခံထားရပြီး ကန်ထရစ်ခ်လာမာ featuring ပါဝင်သီဆိုပေးထားသော “ Bad Blood”  တေးသီချင်းသည် အကောင်းဆုံး ပေါ့နှစ်ယောက်တွဲ / အဖွဲ့လိုက် ဖျော်ဖြေတင်ဆက်မှုဆု နှင့် အကောင်းဆုံးတေးဂီတ ဗီဒီယိုဆုအတွက်   ရွေးချယ်ခြင်း ခံထားရသည်။

တေလာ၏ “1989” တေးသီချင်းအယ်လ်ဘမ်သည် တစ်နှစ်တာအကောင်းဆုံးတေးသီချင်းအယ်လ်ဘမ် နှင့် အကောင်းဆုံးပေါ့တေးဂီတ အယ်လ်ဘမ်ဆုအတွက် ရွေးချယ်ခံထားရသည်။

အဆိုတော် The Weeknd၏ “ Cant’t Feel My Face" တေးသီချင်းသည်  Record, Song and Pop Solo Performance ဆု အတွက် အဆိုပြုခံထားရပြီး “Fifty Shades of Grey”  ဇာတ်ကားမှ ၎င်း၏ တေးသီချင်း  “ Earned It ” တေးသီချင်းသည်  အကောင်းဆုံး R&B ဖျော်ဖြေတင်ဆက်မှု နှင့် R&B တေးသီချင်းဆုအပြင်  Best Song Written For Visual Media ဆုအတွက် အဆိုပြုခြင်းခံထားရသည်။

The Weeknd ၏ မကြာသေးမီက ထွက်ရှိခဲ့သော “Beauty Behind The Madness ” တေးသီချင်းအယ်လ်ဘမ်သည် တစ်နှစ်တာအကောင်းဆုံး တေးသီချင်းအယ်လ်ဘမ် နှင့် အကောင်းဆုံးခေတ်ပေါ်   တေးသီချင်းအယ်လ်ဘမ်ဆုအတွက် ရွေးချယ်ခံထားရသည်။

ကန်ထရစ်ခ်လာမာသည် “To Pimp A Butterfly ” တေးသီချင်းအယ်လ်ဘမ်ဖြင့်  တစ်နှစ်တာအကောင်းဆုံး တေးသီချင်းအယ်လ်ဘမ် နှင့် အကောင်းဆုံး Rap တေးသီချင်းအယ်လ်ဘမ်ဆု အတွက်   ရွေးချယ်ခံထားရသည့် စာရင်းတွင် ဦးဆောင်နေသည်။

ကန်ထရစ်ခ်လာမာ၏ “ Alright ” တေးသီချင်းသည် တစ်နှစ်တာအကောင်းဆုံးတေးသီချင်း၊ အကာင်းဆုံး Rap တေးသီချင်းဖျော်ဖြေတင်ဆက်မှု၊ ရပ်တေးသီချင်း နှင့်   တေးဂီတဗီဒီယိုဆုအတွက်   ရွေးချယ်ခံထားရသည်။ ဘီလာ၊ အန်နာဝိုက်စ် နှင့် သမ်ဒါကပ်တို့  featuring  ပါဝင်သီဆိုပေးထားသော “ These Walls ” တေးသီချင်းသည် အကောင်းဆုံး Rap တေးသီချင်း/ ပူးပေါင်းဖျော်ဖြေ တင်ဆက်မှု ဆုအတွက် ရွေးချယ်ခံထားရသည်။

၅၈ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ရက်တွင် CBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required