တပ်မတော်နှင့် ကရင်ကိုယ်စားလှယ်များ ကိုလံဘီယာ ငြိမ်းချမ်းရေးခရီး ထွက်ခွာ

တပ်မတော်နှင့် ကရင်ကိုယ်စားလှယ်များ ကိုလံဘီယာ ငြိမ်းချမ်းရေးခရီး ထွက်ခွာ
ဓာတ်ပုံ - Myawady Daily

ဒီဇင်ဘာ ၃ ရက် ။                     ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လေ့လာရန်အတွက်  မြန်မာ့တပ်မတော်နှင့် ကရင်ကိုယ်စားလှယ်များ ကိုလံဘီယာနိုင်ငံသို့ ထွက်ခွာသွားကြပြီဖြစ်သည်။

ပြည်ထောင်စုအဆင့်အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဗိုလ်ချုပ် မင်းနောင်၊ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်ရှိသူများ ခရီးစဉ်တွင်ပါဝင်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ စောထူးထူးလေး၊ ဒီကေဘီအေမှ စောမိုရှေးတို့နှင့်အတူ နော်ကပေါ်ထူးနှင့် အဖွဲ့ဝင်များလည်း ကိုလံဘီယာသို့ ဒီဇင်ဘာ ၂ ရက်၌ ရန်ကုန်မှ ထွက်ခွာသွားပြီဟု မြဝတီနေ့စဉ်သတင်းတပုဒ်ကဆိုသည်။

လက်နက်ဖြုတ်သိမ်းခြင်း Disarmament ၊ တပ်နေရာချထားခြင်း Demobilization ၊ ပြန်လည်ပေါင်းစည်းခြင်း Reintegration နှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု Security Sector Reform- SSR လုပ်ငန်းစဉ်များကို ဒီဇင်ဘာ ၁၁ ရက်အထိ ရက်သတ္တပတ်ကြာ လေ့လာကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly