ဘင်္ဂလားဒေ့ရှ် ရှီးယားဗလီတိုက်ခိုက်မှု ၄င်းတို့၏ လက်ချက်ဟု အိုင်အက်စ်ကြေညာ

ဘင်္ဂလားဒေ့ရှ် ရှီးယားဗလီတိုက်ခိုက်မှု ၄င်းတို့၏ လက်ချက်ဟု အိုင်အက်စ်ကြေညာ

ဒါကာ၊ နိုဝင်ဘာ - ၂၇ ။           ။ လူတစ်ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည့် နိုဝင်ဘာ ၂၆ရက်နေ့က ဘင်္ဂလားဒေ့ရှ် ရှီးယားမွတ်စလင်ဗလီတစ်ခုကို တိုက်ခိုကမှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် အကြမ်းဖက်အုပ်စုက ကြေညာခဲ့သည်။ ယင်းမှာ တစ်လတာအတွင်း ရှီးယားမွတ်စလင်လူနည်းစုအပေါ် ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်သည်။

လူငယ်သုံးယောက်မှာ အနောက်မြောက်ပိုင်း ဘိုဂရာခရိုင်အတွင်းရှိ ဗလီထဲသို့ တဟုန်ထိုးဝင်ရောက်လာပြီး ဝတ်ပြုဆုတောင်းနေသူများကို မည်သူမည်ဝါ မခွဲခြားဘဲ ပစ်ခတ်ခဲ့သည်ဟု မျက်မြင်သက်သေ များက ပြောကြားခဲ့သည်။

‘တိုက်ခိုက်သူတွေဟာ ဗလီထဲကိုဝင်လာပြီး ဝတ်ပြုနေသူတွေကို ပစ်ခတ်တယ်။ ပစ်ပြီးပြီးချင်းပဲ ထွက်ပြေးသွားကြတယ်’ဟု ရဲအရာရှိ အာဆန် ဟာဘစ်က ပြောကြားခဲ့သည်။

နိုင်ငံ၏ အကြီးဆုံး ရှီးယားဘုရားကျောင်းကို ဗုံးခွဲစဉ်က လုပ်သလိုပင် ယခုတိုက်ခိုက်မှုမှာလည်း ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုက ကြေညာခဲ့သည်ဟု စောင့်ကြည့်ဌာန တစ်ခုဖြစ်သည့် SITEက ပြောကြားခဲ့သည်။

မွတ်စလင်အများစုနေထိုင်သည့် ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံခြားသား၂ဦး၊ လောကီစာရေးဆရာ ၄ဦးနှင့် ပုံနှိပ်ထုတ်ဝေသူတစ်ဦး အသတ်ခံရမှုနှင့်အတူ မကြာသေးမီလများအတွင်း အစ္စလာမ်အစွန်းရောက် များ၏ အကြမ်းဖက်မှုများ မြင့်တက်လာနေခဲ့သည်။

ဝန်ကြီးချုပ် ရှိတ် ဟာဇီနာကလည်း ၁၉၇၁ လွတ်လပ်ရေးစစ်ပွဲကာလအတွင်း ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ  နိုင်ငံရေးခေါင်းဆောင်များကို ခုံရုံးတင်ခြင်း၊ စစ်သွေးကြွများကို ဖြိုခွင်းခြင်းများ ပြုလုပ်နေရာ အခြေအနေများမှာ တင်းမာလျှက်ရှိသည်။

သာသနာပြုအဖြစ် အလုပ်လုပ်နေသည့် အီတလီဆရာဝန်တစ်ယောက် သေနတ်ဖြင့် အပစ်ခံရပြီး ရက်သတ္တတစ်ပတ်အကြာတွင် မြောက်ပိုင်းမှ ခရစ်ယာန်ဘုန်းကြီးများမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရကမူ တိုက်ခိုက်မှုများတွင် အိုင်အက်စ်အကြမ်းဖက်သမားများ ပါဝင်ပတ်သက်နေသည်ဆိုသည့် ပြောဆိုချက်များကို ငြင်းဆန်ထားပြီး ပြည်တွင်း စစ်သွေးကြွများ၏ လက်ချက်သာဖြစ် သည်ဟု တွင်တွင်ပြောနေသည်။ ဝေဖန်သူများကမူ အစိုးရမှုာ နိုင်ငံရေးပြိုင်ဘက်များကို လိုက်လံဖမ်းဆီးရန်အတွက် အကြောက်တရားများ ထွန်းကားလာစေရန် အခြေအနေတစ်ရပ်ကို လှုံ့ဆော်ဖန် တီးနေသည်ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required