ဖီဂျီအစိုးရက ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရန် တရုတ်ကို ဖိတ်ခေါ်

By Pacific nations
02 December 2023
ဖီဂျီအစိုးရက ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရန် တရုတ်ကို ဖိတ်ခေါ်
ပုံအညွှန်း- ဖီဂျီနိုင်ငံရှိ ဆိပ်ကမ်းတခု ၊ ဓာတ်ပုံ-Fiji Port Terminal Ltd website

ဖီဂျီ အစိုးရသည် ဆိပ်ကမ်းများနှင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်ကို မိတ်ဖက်အဖြစ် ဖိတ်ခေါ်ခြင်းသည် တရုတ် ၏ ခါးပတ်လမ်းစီမံကိန်း နှင့် သက်ဆိုင်သော လုံခြုံရေး ပြဿနာ နှင့် ပစိဖိတ်နိုင်ငံငယ်များအကြား ကြွေးမြီကိစ္စ အပေါ် ကျွမ်းကျင်သူများက စိုးရိမ် ကြသည်။

ပစိဖိတ်သမုဒ္ဒရာတခွင် လွှမ်းမိုးရန် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းနှင့် အတူ စီးပွားရေး အင်အား အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံသာ ရှိပြီး လူဦးရေ တသန်းအောက် နေထိုင်သော ဖီဂျီသည် ဩစတြေးလျနှင့် ဟာဝိုင်အီကြားရှိ ရေပိုင်နက်တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် တရုတ်ကို ဆွဲဆောင်လျက်ရှိသည်။

ဖီဂျီဝန်ကြီးချုပ် စီတီဗန်နီ ရာဘုကာ သည် ဆိပ်ကမ်းအဆောက်အအုံများနှင့် သင်္ဘောကျင်းများကို ခေတ်မီစေရန် တရုတ်နှင့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုကို ပြီးခဲ့သော သီတင်းပတ်တွင် ကြေညာခဲ့ပြီး တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအမြင်နှင့် ခါးပတ်လမ်းစီမံကိန်း သည် “ကျွန်တော်တို့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် ကိုက်ညီသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်းတွင် ဖီဂျီသည် တရုတ်နှင့် ရဲလေ့ကျင့်ရေး သဘောတူညီချက်ကို ဆိုင်းငံ့ထားခဲ့ရာမှ ဆန်ဖရန်စစ္စကို တွင် ကျင်းပသော APEC ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံပြီးနောက် ထုတ်ပြန်ခဲ့သော အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် သည် သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်တို့ နှင့် ရေရှည်လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများ ကို  မထင်မှတ်ဘဲ ဖြတ်ကျော်သွားသည်။

"ပစိဖိတ်ဒေသဆိုင်ရာ ခေါင်းဆောင်တွေလိုပါဘဲ။ ရာဘုကာ ရဲ့ အမြင်က ယခုအချိန်မှာ ပထဝီဝင် အနေအထား ကို မဟာဗျူဟာ ကျကျ စီးပွားဖြစ် ဆက်ဆံရန် အလေးပေးခြင်းက အသက်မွေးဝမ်းကျောင်းမှု ကို  မြှင့်တင်ဖို့ အခွင့်အရေးဖြစ်တယ်" ဟု ဟာဝိုင်အီ တက္ကသိုလ်ရှိ ပစိဖိတ်ကျွန်းများ လေ့လာရေး စင်တာမှ တွဲဖက်လုပ်ကိုင်သူ ဟန်းရက် ရှက်ဇီဝစကီ က ပြောကြားသည်။  “သူသာ ဒီပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ရင် ဒါဟာ အာဏာနိုင်ငံရေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ တခြား နိုင်ငံတွေ အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံတခုကို ပေးစွမ်းနိုင်မှာပါ” ဟု သူက ပြောသည်။

ရာဘုကာ ၏ တရုတ် နှင့် ဆက်ဆံရေး အပေါ် အနောက်နိုင်ငံများက ထင်ကြေးပေးနေကြသော်လည်း လေ့လာသူများ က လက်တွေ့ကျကျ လုပ်ဆောင်နေခြင်းဖြစ်သည် ဟု ဆိုသည်။

“နောက်ဆုံးတော့ သူက ဖီဂျီ အတွက်ပဲ စဉ်းစား ပြီး လုပ်ဆောင်တာဖြစ်တယ်” ဟု Australia National University မှ နိုင်ငံရေးဆိုင်ရာ လက်ထောက်ပါမောက္ခ ဂရေးမီ စမစ်သ် က ပြောကြားပြီး ရာဘုကာ သည် သင်္ဘောတည်ဆောက်ရေး အစီအစဉ် အကူအညီ အတွက် “ဩစတေးလျသို့” ရောက်ရှိနေကြောင်း ထည့်သွင်းပြောကြားသည်။

တရုတ်ကို အကြွေးဆပ်ရန်ရှိသော တွန်ဂါနှင့် ဗာနူအာတူ နိုင်ငံများ၏ ဆိပ်ကမ်းများ သည် ရာသီဥတုပြောင်းလဲမှုကြောင့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရပြီး ပျက်စီးခဲ့ခြင်းများကလည်း ဖီဂျီသည် တရုတ်အတွက် ဆိပ်ကမ်း စီမီကိန်းတွင် ဆွဲဆောင်မှုဖြစ်စေနိုင်သည်။

ဖီဂျီ၏ လောက်တိုကာ ဆိပ်ကမ်းသည် အဓိကကျသော ဘလိုက်ဝါးတား အနီး ဗီတီလဗ် ကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်းတွင်ရှိသည်။

" စီမံကိန်း တည်နေရာက ပစိဖိတ် ပင်လယ်ရေလမ်းကြောင်းများ အတွက် ဗျူဟာမြောက် အရေးကြီးပြီး အထူးသဖြင့် ဖီဂျီကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်ရန်ဖြစ်တယ်" ဟု ပစိဖိတ်ကျွန်းစုများ အစီအစဉ်နှင့် သြစတြေးလျ Lowy Institute မှ Aus-PNG Network ၏ စီမံကိန်း ဒါရိုက်တာ မီဟိုင်းဆိုရာ က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly