မြန်မာအာဏာသိမ်းမှု ဆန့်ကျင်တွန်းလှန်ရန် တောင်ကိုရီးယား ပြည်တွင်းရှိ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်

မြန်မာအာဏာသိမ်းမှု ဆန့်ကျင်တွန်းလှန်ရန် တောင်ကိုရီးယား ပြည်တွင်းရှိ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်

မတ် ၉

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လ စစ်အာဏာသိမ်းမှုတစ်ခုနှင့်အတူ ခိုးယူခံခဲ့ရသော လွတ်လပ်ခွင့် ပြန်လည်ရရှိရေးနှင့် အာဏာရှင်စနစ် ဆန့်ကျင်ရေးတို့အတွက် ပြည်သူများ ညီညာစွာဖြင့် ဆန္ဒထုတ်ဖော်နေကြချိန် တောင်ကိုရီးယားနိုင်ငံရှိ နိုင်ငံသားအသင်းအဖွဲ့များကလည်း မြန်မာဆန္ဒပြသူများကို လှူဒါန်းမှုများ၊ ဆေးဘက်ဆိုင်ရာ အကူအညီများဖြင့် ထောက်ပံ့ကူညီရန် စုရုံးနေကြလျက် ရှိသည်။

မြန်မာစစ်တပ်ဗိုလ်ချုပ်ကြီးများကို ဘဏ္ဍာရေးအရ ကူညီပေးနေသည်ဟု သံသယရှိရပြီး မြန်မာနိုင်ငံရှိ လုပ်ငန်းပါတနာများနှင့် ဖက်စပ်လုပ်ငန်းများ ရှိထားသော တောင်ကိုရီးယားပြည်တွင်းကုမ္ပဏီများကို ဆန့်ကျင်ဆန္ဒပြရန် အထက်ပါ အဖွဲ့များက စီစဉ်နေသည်။

“မြန်မာပြည်သူတွေကို ကူညီဖို့အတွက် ဂွမ်ဂျူးမှာ ပူးပေါင်းမဟာမိတ်အဖွဲ့တစ်ခု ဖွဲ့ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်၊ ကျွန်တော်တို့ အရာအားလုံးကို လုပ်သွားမှာပါ” ဟု မေ ၁၈ အထိမ်းအမှတ် ဖောင်ဒေးရှင်း (May 18 Memorial Foundation) ၏ ဒါရိုက်တာ ဂျိုဂျင်တေးက တနင်္လာနေ့တွင် ပြောခဲ့သည်။ ထိုဖောင်ဒေးရှင်းသည် တောင်ကိုရီးယားတွင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်ခဲ့ရသည့် ၁၉၈၀ ဂွမ်ဂျူး အုံကြွမှု အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသည့် သဘောထားအမြင်နှင့်ရှိနေသော အဖွဲ့တစ်ခု ဖြစ်သည်။

လှုပ်ရှားမှုကို ဂျိုက ဦးဆောင်နေပြီး မြန်မာစစ်အာဏာသိမ်းမှုအပေါ် ညှိနှိုင်းချိတ်ဆက်မှုဖြင့် အတူတကွ တုံ့ပြန်ရန် အားထုတ်မှုအဖြစ် ယခု လှုပ်ရှားမှုတွင် ပူးပေါင်းပါ၀င်ကြရေးအတွက်လည်း ပြည်တွင်းရှိ လူ့အခွင့်အရေးအဖွဲ့များနှင့် အခြားအဖွဲ့များကိုလည်း ဖိတ်ခေါ်ထားသည်။ မြန်မာပြည်သူများသည် ပါးစပ်နှာခေါင်းစည်းများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ပိုမိုလိုအပ်သည်ဟု ဂျိုက ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများသည် ယခုအခါ ပြင်းထန်သည့် ဖြိုခွင်းနှိမ်နင်းမှုများနှင့် တိုးမြင့် ရင်ဆိုင်ရလျက် ရှိပြီး မတ်လ ၃ ရက်အထိ သေဆုံးသူ ၃၈ ဦးထက်မနည်း ရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘာသာရေး အဖွဲ့အစည်းများကလည်း အလားတူအတိုင်း လိုက်လုပ်လျက် ရှိသော်လည်း အရှေ့တောင်အာရှ မြန်မာနိုင်ငံအတွက် ပိုမိုတာရှည်တည်တံ့မည့် ပုံစံဖြင့် အကူအညီများ ပေးနိုင်ရန် လုပ်နေသည်ဟု သိရသည်။


၎င်း၏ အဖွဲ့သည် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းများ ကောင်စီမှ အဆင့်တူပုဂ္ဂိုလ်နှင့်အကြား နီးနီးကပ်ကပ် တိုင်ပင်ဆွေး‌နွေးလုပ်ဆောင်မည်ဟု ဂျောင်က ပြောခဲ့သည်။ အလားတူ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ပြင်ပ အထောက်အပံ့များနှင့်ပတ်သက်သည့် လမ်းကြောင်းတိုင်းအပေါ် တင်းကျပ်စွာ ချုပ်ကိုင်ထားသည်ဟု ၎င်းက ၀န်ခံခဲ့သည်။

“ပြည်တွင်းဒေသခံတွေက အေတီအမ်တွေမှာ ငွေထုတ်တာတွေ လုပ်လို့မရနိုင်ပါဘူး၊ သူတို့ ကျွန်တော်တို့ဆီကို အီးမေးလ်တစ်စောင်တောင် မပို့နိုင်ကြပါဘူး၊ စစ်တပ်က ကြား၀င်နိုင်တယ်ဆိုတာ သူတို့ သိနေကြပါတယ်” ဟု ဂျောင်က ပြောခဲ့သည်။

သို့သော် ၎င်းတို့ အဖွဲ့အနေဖြင့် ကြား၀င်စွက်ဖက်မှုများကို ကျော်ဖြတ်မည်ဖြစ်ကြောင်း၊ ကိုရီးယားခရစ်ယာန်ဘုရားကျောင်းများအနေဖြင့် ၁၉၈၀ နှင့် ၁၉၉၀ ကာလများအတွင်း နိုင်ငံသည် စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့စဥ်အချိန်က လက်ခံရရှိထားခဲ့သည် ဆိုသော အကူအညီများကို ပြန်ပေးရန် အချိန်ကျပြီဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ အကြွေးကို ပြန်ဆပ်ရန် တစ်ခုတည်းသော နည်းလမ်းက အကူအညီကို ရေရှည်ခိုင်မာရေး လုပ်ရန်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် အချို့သော တောင်ကိုရီးယား နိုင်ငံသားအဖွဲ့အစည်းများကလည်း ပြည်တွင်း ကုမ္ပဏီများကို ဆန္ဒပြခဲ့ကြပြီး ထိုကုမ္ပဏီများသည် မြန်မာအာဏာသိမ်းမှုတွင် အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်ပတ်သက်ခဲ့သည်ဟု ၎င်းတို့က စွပ်စွဲနေကြသည်။

“တောင်ကိုရီးယား ကုမ္ပဏီတစ်ချို့ဟာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို ကူညီပေးနေကြတယ်၊ အဲဒီစစ်ဗိုလ်ချုပ်ကြီးတွေက နှစ်နိုင်ငံအကြား ဖက်စပ်လုပ်ငန်းတွေ ပိုင်ဆိုင်ထားကြတယ်၊ ဒါကို ရပ်တန့်စေတာက အာဏာသိမ်းမှုကို အဆုံးသတ်ဖို့ ပထမခြေလှမ်းတစ်ခု ဖြစ်နိုင်တယ်” ဟု ကိုရီးယားရှိ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားကြေညာမှု အဖွဲ့၏ ပူးတွဲ ဥက္ကဋ္ဌ ပါ့ခ်ဒိုဟွန်းက ပြောခဲ့သည်။

၎င်းတို့အဖွဲ့သည် ပြီးခဲ့သည့် နှစ်ပတ်အကြာခန့်က Posco ကုမ္ပဏီအနီး စုဝေးဆန္ဒပြမှုတစ်ခု လုပ်ခဲ့ပြီး အဆိုပါ သံမဏိထုတ်လုပ်ငန်းကို မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ထိန်းချုပ်သည့် ကုမ္ပဏီများနှင့် အဆက်အသွယ်ဖြတ်ရေး တောင်းဆိုခဲ့ကြသည်။ ထိုကုမ္ပဏီက မြန်မာအခြေစိုက် ကုမ္ပဏီများနှင့်အတူ လုပ်ငန်းလုပ်ကိုင်ကြောင်း ၀န်ခံခဲ့သော်လည်း မြန်မာစစ်တပ်ကို အစုပေါ် အမြတ်ကဲ့သို့သော ငွေသားများ စီးဆင်းစေမှုမရှိဟု ငြင်းဆန်ခဲ့သည်။

“ဒါက အဓိကမဟုတ်ပါဘူး၊ အဲဒီ ဗိုလ်ချုပ်ကြီးတွေ ဖက်စပ်လုပ်ငန်းတွေမှာ ရှယ်ယာတွေ ကိုင်ထားသမျှ ကာလပတ်လုံး သူတို့ အကျိုးအမြတ်တွေ ရရှိနေမှာပဲလေ” ဟု ပါ့ခ်က ပြောခဲ့သည်။ ထို့ပြင် တောင်ကိုရီးယား အစိုးရပိုင် Posco အနေဖြင့် ယင်း၏ အကြီးဆုံး ရှယ်ယာရှင်၏ ပြောစကားများနှင့်အညီ လျော်ညီစွာ ရှိသင့်ကြောင်း ၎င်းက ပြောခဲ့သည်။

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြီးခဲ့သည့် စနေနေ့တွင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ ၎င်းတို့၏ ပြည်သူများအပေါ် အကြမ်းဖက်မှု ရပ်ဆိုင်းရေး တောင်းဆိုခဲ့ပြီး တောင်ကိုရီးယားအနေဖြင့် ဒီမိုကရေစီစနစ် ငြိမ်းချမ်းစွာ ပြန်လည်ရရှိရေးအတွက် မြန်မာပြည်သူများနှင့်အတူ အခိုင်အမာ ရပ်တည်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly