ညပိုင်းစီးနင်းမှုတွေရှိပေမယ့် အနိုင်ရတဲ့အထိ တိုက်ပွဲဝင်မည်ဟုဆိုကာ ဆန္ဒပြသူတွေ လမ်းမပေါ်ပြန်ထွက်

ညပိုင်းစီးနင်းမှုတွေရှိပေမယ့် အနိုင်ရတဲ့အထိ တိုက်ပွဲဝင်မည်ဟုဆိုကာ ဆန္ဒပြသူတွေ လမ်းမပေါ်ပြန်ထွက်
Photo - AFP

မတ် ၉ 

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ NLD ပါတီအလံလွှင့်ထူထားတဲ့ တိုက်ခန်းတွေကို ပစ်မှတ်ထားကာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေကို တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ရှာနေခဲ့တာကြောင့် ပြည်သူတွေက ရပ်ကွက်အတွင်းမှာ အတားအဆီးတွေလုပ်ပြီး လမ်းကိုပိတ်ဆို့ထားရပါတယ်။ 

အင်္ဂါနေ့မှာလည်း တာမွေမြို့နယ်ကဆန္ဒပြသူ ဒါဇင်ပေါင်းများစွာဟာ လမ်းကို သံပန်းအတားအဆီးတွေနဲ့ပိတ်ထားကြပါတယ်။  

ဆန္ဒပြလူငယ်တစ်ဦးက “ကျွန်တော်တို့တွေ ညဘက်မှာတောင် ကောင်းကောင်းမအိပ်ရပါဘူး။ ဆန္ဒထွက်ပြနေတာ ၂၂ ရက်ရှိပါပြီ။ နေ့တိုင်းထွက်ပါတယ်။ ပင်ပန်းပြီဆိုတာနဲ့ ကျဆုံးသွားတဲ့လူတွေကြည့်ပြီး အားပြန်တင်းပါတယ်။ ကျွန်တော်တို့ နိုင်အောင်တိုက်မှာပါ။ ကျွန်တော်တို့မှာ ဒိုင်းတွေ ပဲရှိပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်လာလည်း အကြမ်းဖက်ဖို့ စိတ်ကူးမရှိပါဘူး။

ပြောချင်တာကို ကျွန်တော်တို့ အသံနဲ့ပြောမယ်။ သူတို့နားမထောင်လည်း နားထောင်အောင်လို့ပြောမယ်။ လက်နက်ပါတဲ့လူတစ်စုနဲ့ ကလေးတစ်စု ဘယ်ဟာက မျှတလဲဆိုတာ လူတိုင်းလည်း သိမှာပါ။ ကမ္ဘာကလည်း သိမှာပါ။ ကျွန်တော်တို့လည်း ကြောက်တာပေါ့ ။ သေနတ်နဲ့ပစ်ရင်သေတာပဲ။ ကျွန်တော်တို့ထက် သတ္တိရှိတဲ့လူတွေ အများကြီးလည်း ကျဆုံးခဲ့ပြီးသွားပြီ။ ကြောက်ဖို့လည်း မလိုတော့ဘူးလို့ ထင်ပါတယ်” လို့ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly