၉-၁၁တိုက်ခိုက်မှုများ နောက်ကွယ်က အဓိကအင်အားစုမှာ အစ္စရေးဟု အမေရိကန်ပညာရှင်တစ်ယောက် ပြော

၉-၁၁တိုက်ခိုက်မှုများ နောက်ကွယ်က အဓိကအင်အားစုမှာ အစ္စရေးဟု အမေရိကန်ပညာရှင်တစ်ယောက် ပြော

တီဟီရန်၊ နိုဝင်ဘာ-၂၄ ။             ။ ဇီယွန်နစ်များမှာ ၉-၁၁တိုက်ခိုက်မှုများနောက်ကွယ်မှ အဓိကအင်အားစုဖြစ်ရုံသာမက တာဝါညီနောင်မီးလောင်မှုကို အောင်ပွဲခံသူများမှာ အာရပ်မွတ်စလင်များ မဟုတ်ဘဲ မော့ဆတ် (Mossad)အတွက် အလုပ်လုပ်ပေးနေသည့် အစ္စရေးသူလျှိုများသာဖြစ်သည်ဟု အမေရိကန် ပညာရှင်နှင့် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဝစ်ကွန်ဆင်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၁ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန ပြိုကျသွားသည့်အခါ ဒါဇင်ပေါင်းများစွာသော အာရပ်မွတ်စလင်များက ပျော်ရွှင်အောင်ပွဲခံခဲ့ကြသည်ဟူသော ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ် ထရန့်၏ ပြောဆိုချက်မှာ အထောက်အထား မခိုင်လုံကြောင်း အမေရိကန်တွင် အခြေစိုက်သည့် နိုင်ငံတကာ ဂျူးအဖွဲ့တစ်ဖွဲ့က ငြင်းပယ်ပြီး နောက်တစ်ရက်ဖြစ်သည့် တနင်္လာနေ့တွင် ၉-၁၁ စုံစမ်းရေး သိပ္ပံအဖွဲ့၏ တည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာ ကီဗင် ဘားရတ်က ပရပ်စ်တီဗီနှင့် တွေ့ဆုံရာတွင် ယခုကဲ့သို့ မှတ်ချက်စကား ပြောကြားခဲ့ခြင်းပင်   ဖြစ်သည်။

ထရန့်က အေဘီစီနှင့် တွေ့ဆုံရာတွင် နယူးဂျာစီမှ လူထုများမှာ တာဝါညီနောင်ပြိုကျမှုကို စောင့်ကြည့်နေခဲ့ကြရာ ပြိုကျလျင်ပြိုကျချင်း အော်ဟစ်ပျော်ရွှင်နေသူများမှာ အာရပ်လူထုများ ဖြစ်သည်ဟု   ပြောဆိုပြီးနောက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင် အသေရေဖျက်မှုဆန့်ကျင်ရေးအဖွဲ့ချုပ် (Anti-Defamation League-ADL)က ကာလကြာမြင့်စွာကတည်းက ဖွင့်ချပြီးသား ၉-၁၁ လုပ်ကြံဇာတ်လမ်းကို ဒေါ်နယ်ထရန့်က အသွင်သစ်ဖြင့် ပြောင်းလဲသွားစေသည်မှာ ဝမ်းနည်းဖွယ်ကောင်းသည်ဟု ပြောကြားခဲ့သည်။    

ထရန့်၏ ပြောဆိုချက်မှာ အခြေအမြစ်မရှိဘဲ၊ အချက်အလက်မခိုင်မာသည့် တာဝန်မဲ့ပြောဆိုမှုသာ ဖြစ်သည်ဟုလည်း ADLက ကြေညာချက်တွင် ပြောကြားခဲ့သည်။ ‘ဒီပြောဆိုချက်ဟာ တာဝန်ညီနောင် ပြိုကျသွားတော့ အစ္စရေးအုပ်စုတစ်စုဟာ အောင်ပွဲခံနေခဲ့ကြတယ်ဟူသည့် ဂျူးဆန့်ကျင်ရေးဒဏ္ဍာရီနဲ့ ကွဲလွဲနေတယ်’ဟု ကြေညာချက်တွင် ပြောကြားထားသည်။

ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန ပျက်စီးသွားတော့ အာရပ်တွေ အောင်ပွဲခံကြတယ်ဆိုတဲ့ ထရန့်ရဲ့ ပြောဆိုချက်ဟာ အချက်အလက်မခိုင်မာဘူးဆိုတာ အမှန်ပဲဟု ဒေါက်တာ ဘားရက်က ပရပ်စ်တီဗီအားပြောကြားခဲ့သည်။

‘ဒါပေမယ့် တကယ့်အမှန်က ၉-၁၁တိုက်ခိုက်မှုတွေကို အောင်ပွဲခံနေတာ မိသွားလို အဖမ်းခံခဲ့ရသူတွေဟာ ထောက်လှမ်းရေးအေဂျင်စီ မော့ဆတ်အတွက် အလုပ်လုပ်ပေးနေတဲ့ အစ္စရေးသူလျှိုတွေဟာ   ဖြစ်ပါတယ်’ဟု လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 ‘သူတို့ဟာ ပထမလေယာဉ်က ဝင်မတိုက်မီမှာ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာနအဆောက်အအုံကို ဓာတ်ပုံရိုက်ဖို့ ပြင်ထားကြတယ်။ မီးတောက်မီးလျှံတွေနဲ့ တာဝါညီနောင် ပေါက်ကွဲသွားတဲ့အခါမှာ အရူးအမူး အောင်ပွဲခံခဲ့ကြတယ်။ လောင်ကျွမ်းပေါက်ကွဲနေတဲ့ အဆောက်အအုံတွေရှေ့မှာ သူတို့ကိုယ်သူတို့ အေးအေးလူလူ ဆေးလိပ်မီးညှိနေတဲ့ဓာတ်ပုံတွေ ရိုက်ယူခဲ့ကြတယ်’ဟု ဒေါက်တာ ဘားရက်က ပြောကြားခဲ့သည်။

‘အဲဒီနောက် သူတို့ကို ဖမ်းခဲ့တယ်။ သူတို့ကို ရက်၄၀လောက် ထိန်းသိမ်းထားခဲ့တယ်။ မုသားဖော်စက်နဲ့ စမ်းသပ်ရာမှာလည်း သူတို့ ရှုံးနိမ့်ခဲ့တယ်။ အဲဒီနောက် သူတို့ အစ္စရေးကို ပြန်သွားကြတယ်။ သူတို့ဟာ ရုပ်သံတွေပေါ် တက်လာပြီး အဖြစ်အပျက်ကို မှတ်တမ်းတင်ဖို့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာနကို ရောက်နေခဲ့ကြတယ်လို့ ဝန်ခံခဲ့ကြတယ်’ဟုလည်း ဒေါက်တာ ဘားရက်က ပြောကြားခဲ့သည်။
‘ဆိုလိုတာက အစ္စရေးအစိုးရအတွက် အလုပ်လုပ်ပေးနေသူတွေဟာ ဒီဖြစ်ရပ်ကြီးမှာ ကြံရာပါတွေ ဖြစ်နေတယ်ဆိုတာပါပဲ။ ADLက ဒါကို သိပုံမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာရပ်တွေကို အပြစ်တင်တဲ့ ထရန့်ရဲ့ မှတ်ချက်ဟာ ၉-၁၁တိုက်ခိုက်မှု အောင်မြင်သွားလို့ အစ္စရေးတွေ ကခုန်နေကြတယ်ဆိုတဲ့ သူတို့အခေါ် ဒဏ္ဍာရီနဲ့ ရောထွေးသွားပြီး ထရန့်ကို ဝေဖန်တာပါ။ ဒါပေမယ့် အဲဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး’’ဟုလည်း ဒေါက်တာဘားရက်က အလေးအနက်ပြောကြားခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required