မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သည့် အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သည့် အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်
ပုံ- ကပုန်း(၇)နာရေးကူညီမှုအသင်း (မလေးရှား)

ဇွန်လ ၁၇

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆွန်းကိုင်းစီဘီ မြို့နယ် တွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံ အသက် ၃၅ နှစ်အရွယ် ရှိ အမျိုးသမီးငယ် တစ်ဦး က COVID-19 ကာလအတွင်း တွင် မြန်မာနိုင်ငံသို့ ပြန်ခွင့်မရတာ ကြောင့် စိတ်ဖိစီမူများလာတာ ကြောင့် မိမိကိုယ့်ကို အဆုံးစီရင် သွားကြောင်း ကို ကပုန်း(၇)နာရေးကူညီမှုအသင်း (မလေးရှား) မှ ဥက္ကဌဖြစ်သူ ဦးစန်းဝင်းက မဇ္ဈိမသတင်းဌာနကို အတည်ပြုပြောကြားသည်။

ပုံ- ကပုန်း(၇)နာရေးကူညီမှုအသင်း (မလေးရှား)

“သူက မြန်မာပြည်ကိုပြန်လာချင်တယ်။ အခုမြန်မာပြည်က ပြန်ခေါ်နေတာက ဒီမှဆေးလာကုတဲ့လူတွေ၊ အလည်ဗီဇာ နဲ့လာတဲ့လူတွေ၊ ပါမစ်ကုန်ဆုံးပြီး ပြန်တဲ့လူတွေကို ပြန်ခေါ်နေတာ ဒီတရားမဝင်နေထိုင်တဲ့လူတွေကို ပြန်မခေါ်ဖူးဖြစ်နေတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ မှပြောထားတာက တရားဝင်သည် ဖြစ်စေ တရားမဝင်သည်ဖြစ်စေ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်မယ်ဆိုပြီး ကြောငြာထားတော့  အဲမှာ တရားမဝင်အလုပ်သမားတွေကို မလေးရှား ကလည်းအလုပ်မခံတော့ဘူး အလုပ်မခံတော့ လူတွေက စားရေး၊နေရေး၊ အိမ်လခတွေက မပေးနိုင်တော့ဘူး။ မြန်မာပြည်ကမိသားစုတွေကိုလည်း အကြောင်းကြောင့် ငွေမပို့ ဆောင်နိုင်တော့ဘူး။ နောက်ဆုံးအဆင့်က စိတ်ဖိစီးမူတွေများပြီး ကိုယ့်ကို အဆုံးစီရင်ကြတာ “ ဟု ဦးစန်းဝင်း က ပြောသည်။

ပုံ- ကပုန်း(၇)နာရေးကူညီမှုအသင်း (မလေးရှား)

တရားမဝင်နေထိုင်သည့် ယင်းအမျိုးသမီးငယ်  က  ဇွန်လ ၁၆ ရက်နေ့ က ၎င်းနေထိုင့်နေသည့် နေအိမ်အတွင်း မှာ ကိုယ့်ကိုအဆုံးစီရင်ခဲ့ကြောင်း သိရသည်။ အဆိုပါ နေအိမ်အတွင်း တွင် ၎င်း ၏ အစ်ကိုဖြစ်သူ နှင့်အတူ စုစုပေါင်း လူလေးယောက်နေထိုင်ကြောင်း သိရသည်။

၎င်း ရဲ့ မွေးရပ်ဇာတိမှ ဧရာဝတီတိုင်း မြောင်းမြမြို့ဇာတိဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဦးစန်းဝင်း က ပြောဆိုရာ “ တရားမဝင်နေထိုင်တဲ့လူတွေပြန်ဖို့အတွက်က နိုင်ငံတော်အစိုးရတွေ လုပ်မှဖြစ်မှာပါ။ တရားမဝင်တဲ့လူတွေက ထိုင်နေရတော့ မဖြစ်နိုင်ဘူးလေ။ အပြင်ထွက်ရင် ရဲဖမ်းခံရ မယ်။ထောင်ကျမယ်။ ထောင်ထဲမှ ရောဂါတွေကပြန့်နေတာ ရောဂါပိုးတွေကူးဆက်ခံရပါမယ်။ ပြောချင်တာက မြန်မာပြည်ကို ပြန်ချင်တဲ့လူတွေကို အစိုးရအနေဖြင့် ပြန်ခေါ်စေချင်ပါတယ်။ဒါမှာသာ စိတ်ဖိစီးမူ ရော့သွားမယ်။ “ ဟု ထပ်မံပြောဆိုသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား များထဲတွင်  ဇွန်လ တလအတွင်း မှာ ကိုယ့်ကိုအဆုံးစီရင် သူ ရုပ်အလောင်း ၂ လောင်းရှိပြီး ဖြစ်ကြောင်းနှင့် ပထမ သေဆုံးသူမှာအမျိုးသားတစ်ဦးဖြစ်ပြီး မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့ နယ် ကျီးပေါင်းကျေးရွာ ဇာတိဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required