ကိုရိုနာဗိုင်းရပ်စ် ဝူဟန်ဓာတ်ခွဲခန်းမှစတင်သည့်အထောက်အထား တွေ့ရှိဟု မိုက်ပွန်ပဲယိုပြော

ကိုရိုနာဗိုင်းရပ်စ် ဝူဟန်ဓာတ်ခွဲခန်းမှစတင်သည့်အထောက်အထား တွေ့ရှိဟု မိုက်ပွန်ပဲယိုပြော

မေ ၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုက ကိုရိုနာဗိုင်းရပ်စ်သစ်သည် တရုတ်နိုင်ငံ ဝူဟန် မြို့ဓာတ်ခွဲခန်းမှ စတင်ခဲ့ကြောင်းဖော်ပြသည့် ကြီးမားသောသက်သေအထောက်အထား တွေ့ရှိ ထားကြောင်း ပြောဆိုခဲ့သည်။ သို့သော် အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ သက်သေ တစ် စုံတစ်ရာ ချပြခဲ့ခြင်းမရှိပေ။

“ဒီဗိုင်းရပ်စ်ကဝူဟန်ဓာတ်ခွဲခန်းက လာခဲ့တယ်ဆိုတဲ့ သိသာထင်ရှားတဲ့ သက်သေအထောက် အထားတွေ ရှိပါတယ်။ တရုတ်တို့ရဲ့ဓာတ်ခွဲခန်းက မအောင်မြင်တဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာကြီး ဗိုင်းရပ်စ်ပိုးနဲ့ ကြုံတွေ့ရတာ ဒါတွေဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး” ဟု မိုက်ပွန်ပဲယိုက ယခုသီတင်းပတ် ABC ၏ “This Week” ရုပ်မြင်သံကြားအစီအစဉ်တွင် ဖြေကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် မျိုးရိုးဗီဇပြုပြင်ထားသည့် ဗိုင်းရပ်စ်မဟုတ်သကဲ့သို့ လူလုပ်ဗိုင်းရပ်စ် လည်းမဟုတ်ကြောင်း အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး၏ အစီရင်ခံချက်ကို မိုက်ပွန်ပဲယိုက အလေးထားထောက်ခံထားပြီး ဗိုင်းရပ်စ်သည် လူကြောင့်ဖြစ်သည်ဆိုသော အချက်နှင့်စပ်လျဉ်း၍ အပြည့်အဝပြောဆိုခဲ့ခြင်းမရှိပေ။

ဗိုင်းရပ်စ်၏ မူလဇစ်မြစ်ကိစ္စဖော်ထုတ်နိုင်ရေးသည် ကပ်ရောဂါဖြစ်ပွားခြင်း၏ ပြဿနာတစ်ခု ဖြစ်လာခဲ့ပြီး အမေရိကန်နှင့်တရုတ်နိုင်ငံအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။ ကူးစက် ရောဂါကြောင့် အမေရိကန်တွင် လူပေါင်း ၆၆ ၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သောကြောင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်ကို ပြစ်တင်ဝေဖန်ရန် အရှိန်မြှင့်လုပ်ဆောင်ခဲ့ သည်။

ပွန်ပဲယိုက ထောက်လှမ်းရေးအဖွဲ့၏ အစီရင်ခံစာသည် မမှားနိုင်ကြောင်း ပြောဆိုခဲ့ပြီး တရုတ် သည် ဗိုင်းရပ်စ်ကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့သည်လား ဆိုသည့်မေးမြန်းချက်ကိုမူ တစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်းမရှိပေ။ တရုတ်သည် အာဏာရှင်အစိုးရဆန်ဆန်ပြုမူနေပြီး ဖုံးကွယ်ရန်ကြိုး စားကာ အခြေအနေကိုရှုပ်ထွေးအောင် ပြုလုပ်နေကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုလည်း လက်နက်သဖွယ်အသုံးချနေကြောင်း ပွန်ပဲယိုက ပြောသည်။

ထရမ့်နှင့်အပေါင်းအပါများသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ဗိုင်းရပ်စ်၏မူလဇစ်မြစ်နှင့်ပတ် သက်ပြီး တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ထရမ့်က တချို့သော အမေရိကန်ရုပ် မြင်သံကြားကွန်ရက်များသည် တရုတ်၏ရုပ်သေးရုပ်များဖြစ်ကြောင်း သောကြာနေ့က တွစ်တာ ပေါ်တွင် ရေးသားခဲ့ပြီး ၎င်း၏ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာကော်မတီက တရုတ်ဆန့်ကျင်ရေး ကြော်ငြာများ ထုတ်လွှင့်ပြသခဲ့သည်။

တရုတ်တို့သည် အမေရိကန်သိပ္ပံပညာရှင်များ သုတေသနပြုလေ့လာရန်လိုအပ်သော ဗိုင်းရပ်စ် နမူနာများ ရရှိရေးကိုပိတ်ပင်ခဲ့ပြီး WHO မှ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များ အကူအညီကို လည်း ဝင်ရောက်ဟန့်တားခဲ့သည်ဟု ပွန်ပဲယိုက ဝေဖန်ထောက်ပြခဲ့သည်။

“ဒါက လက်ရှိဖြစ်နေတဲ့ ခြိမ်းခြောက်မှုကြီးပါ။ မပြီးသေးတဲ့ ကပ်ရောဂါကြီးတစ်ခုပါ။ ဖြစ်ပျက်ခဲ့ တဲ့အရာတွေကို အဖြေရှာပေးမယ့် ကမ္ဘာ့အတော်ဆုံးသိပ္ပံပညာရှင်တွေရှိတဲ့ အနောက်နိုင်ငံတွေကို တရုတ်ကွန်မြူနစ်ပါတီက ဟန့်တားမှုတွေ ဆက်လုပ်နေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပဲယိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required