စစ်လေယာဉ်အပျက်အစီးများ တောင်ငူခရိုင်အတွင်း တွေ့ရှိ (BREAKING NEWS)

စစ်လေယာဉ်အပျက်အစီးများ တောင်ငူခရိုင်အတွင်း တွေ့ရှိ (BREAKING NEWS)
ဓာတ်ပုံ- ဒေသခံတဦး

ပျက်ကျသွားသော စစ်ကောင်စီတပ် တိုက်လေယာဉ်၏ အစိတ်အပိုင်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ တောင်ငူခရိုင်အတွင်း ရှာဖွေတွေ့ရှိရကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ပေးပို့လာသည့် ဓာတ်ပုံများအရ သိရသည်။

ဓာတ်ပုံ- ဒေသခံတဦး

တရုတ်နိုင်ငံထုတ် K-8 အပေါ့စား တိုက်လေယာဉ်သည် ယမန်နေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ပျက်ကျပြီး လေသူရဲနှစ်ဦး အရေးပေါ်လေထီးခုန်ဆင်းကွာ ထွက်ပြေးလွတ်မြောက်သွားသည်။ ၁၁.၁၁ စစ်ဆင်ရေးအတွင်း ပွိုင့်ဖိုက် 0.5 ကျည်ဖြင့် တုံ့ပြန်ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်နှစ်စင်းအနက် တစင်းကိုထိမှန်သွားခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု၏ကြေညာချိန်တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်ချို့ယွင်းပျက်ကျသွားသည်ဟုသာပြောသည်။

ဓာတ်ပုံ- ဒေသခံတဦး

အခင်းဖြစ်ပွားရာအနီးရောက်ရှိခဲ့သော မဇ္ဈိမသတင်းထောက်ကတော့ "ပေါက်ကွဲသံ" ကြားခဲ့ရသည်ဟုဆိုသည်။ လေသူရဲနှစ်ဦးလုံးခုန်ဆင်းခဲ့သော လေထီးများနှင့် လေယာဉ်ပေါ်ပါပစ္စည်းများ စစ်အုပ်စုတော်လှန်ရေးအဖွဲ့များက သိမ်းဆည်းရမိထားပြီးဖြစ်ကာ လက်ရှိအချိန်အထိ နှစ်ဘက်တပ်များက လွတ်မြောက်သွားသော လေယာဉ်မှူးများကို ရှာဖွေနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required