ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှရသည့် မဲတစ်ပြားထာက် သိက္ခာရှိသည့် အရှုံးသာ တန်ဖိုးမြင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်ပြော

ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှရသည့် မဲတစ်ပြားထာက် သိက္ခာရှိသည့် အရှုံးသာ တန်ဖိုးမြင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်ပြော

ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထိုးနှက်ပြီးမှ ရရှိလာသည့် မဲတစ်ပြားထက်  သိက္ခာနှင့် ရှုံးသည့် အရှုံးက ပိုမို မြင့်မားသည်ဟု အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဝေလွင်က ပြောဆိုသည်။

“ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုမှ မဟုတ်ပါဘူး၊ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကိုမှ မတိုက် ခိုက်ပါဘူး၊ ကျွန်တော် လူပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြီး ရမယ့် မဲတစ်ပြားထက် ကျွန်တော် ရှုံးသွားတဲ့ သိက္ခာနဲ့ ရှုံးသွားတဲ့ တန်ဖိုးက ကျွန်တော်အတွက် ပိုပြီးမြင့်မာပါတယ်၊ တိုက်ခိုက်ပြီးမှ အနိုင်ရမယ့် အနိုင်မျိုး ကျွန်တော်မလိုချင်ပါဘူး” ဦးဝေလွင်က ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်သည် ဧရာဝတီတိုင်း အသုတ်မြို့၊ ရေကြည်မြို့၊ ငါးသိုင်းချောင်း မြို့များတွင်မဲဆန္ဒရှင်များနှင့် အောက်တိုဘာ ၁၉  ရက်နှင့် ၂၀ ရက် များတွင် မဲဆန္ဒရှင်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးဝေလွင်သည် တပ်မတော်တွင် ဒုတိတိုင်းမှူး၊ ဗိုလ်မှူးချုပ်အဆင့်ဖြင့် ရန်ကုန်းတိုင်း စစ်ဌာနချုပ်တွင် ဒုတိယစစ်တိုင်းမှူးတာဝန်၊ ဗိုလ်ချုပ်အဆင့်ဖြင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တွင် စစ်တိုင်းမှူးတာဝန်၊ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ထောက်ချုပ် တာဝန်၊ ကာကွယ်ရေးဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီးဟောင်းသည် နေပြည်တော် အခြေချနေထိုင်၍ နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍  ပြည်သူ့ လွှတ်တော်နေရာတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

သူအောက်တိုဘာလ (၇) ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် သူ့ဘက်တွင် မဲဆန္ဒရှင်ခြောက် ဆယ့်ငါးရာနှုန်းခန့် ရှိနေကြောင်းပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required