အောက်တိုဘာ ၁၅ ရက်ကို သမိုင်းဝင်နေ့ဖြစ်အောင် ကြိုးစားကြပါ

အောက်တိုဘာ ၁၅ ရက်ကို သမိုင်းဝင်နေ့ဖြစ်အောင် ကြိုးစားကြပါ

အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေး သဘောတူ စာချုပ်ကို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ရှစ်ဖွဲ့နှင့် အစိုးရတို့ လက်မှတ် ရေးထိုးပြီးခဲ့ကြပြီးဖြစ် သည်။ အောက်တိုဘာ ၁၅ ရက်သည် နိုင်ငံ၏ သမိုင်းဝင် ရက် တစ်ရက်အဖြစ် သတ်မှတ်နိုင်ပါသည်။ သမိုင်းဝင် နေ့ရက် တစ်ရက်ဖြစ်ရန်လည်း အများက မေ ျှာ်လင့်နေကြပါသည်။

သို့သော် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးအပြီး သုံးရက်အကြာ အောက်တိုဘာ ၁၈ ရက်တွင် အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ၏ ပြောဆိုချက်များ၊ အဖွဲ့အစည်း အသီးသီး၏ ထုတ်ပြန်ချက် များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အဆိုပါ လက်မှတ် ရေးထိုးမှုအပေါ် မေးခွန်းထုတ်ရန် များစွာရှိလာပါသည်။

အပစ်အခတ် ရပ်စဲရန် လက်မှတ်ထိုးမှုတွင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ရှစ်ဖွဲ့က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ရာ အဆိုပါ အဖွဲ့များ၏ အောက်တိုဘာ ၁၆ ရက် စုပေါင်း ထုတ်ပြန် ကြေညာချက်တွင် တိုင်းရင်းသား ဒေသများတွင် ထိုးစစ်များ ရပ်ရန်နှင့် ရလိုမှုများ ရှောင်ရှားရန် တောင်းဆိုထားသည်ကို တွေ့ရမည်ဖြစ်သည်။

လက်မှတ်ရေးထိုးပြီးသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ လက်မှတ်ရေးထိုးအပြီး တစ်ရက်အကြာတွင် ထုတ်ပြန်သည့် “ထိုးစစ်များ ရပ်ဆိုင်ရန်နှင့်၊ ရန်လိုမှုများ ရှောင်ရှားရန်” ဟူသည့် စကားလုံးများ ပါဝင်သော ကြေညာချက်ထုတ်ပြန်ရခြင်း၏ နောက်ကွယ်မှ အကြောင်းအရာသည် လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ လက်မှတ်ထိုးအပြီး နောက်နေ့တွင် အဘယ်ကြောင့် ထိုကြေညာချက် ထွက်လာရပါသနည်း သူတို့ လက်တွေ့တွေ့ကြုံနေရသည့် အခက်အခဲများ မည်သို့ ရှိလေသနည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

အလားတူ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲသို့ တက်ရောက် လက်မှတ်ထိုးခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေး၊ ဦးကိုကိုကြီးတို့၏ ငြိမ်း/ပွင့်ကလည်း အောက်တိုဘာ ၁၇ ရက်တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြန်သည်။
 
ထိုကြေညာချက်တွင် ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းရန်ပါဝင်ပြီး စာချုပ်ပါ အချက်အလက်များကို တိတိပပ လိုက်နာကြရန် တိုက်တွန်းထားသည့် ကြေညာချက်ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးသည့် နာရီပိုင်းမ ျှ တွင် ထိုသို့သော ကြေညာချက်များ ထွက်ပေါ်လာရခြင်းသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းနေပါသည်။

အောက်တိုဘာ ၁၈ ရက်တွင် ရှမ်းပြည်ပြန်လည်ထူအောင်ရေး ကောင်စီ RCSS/SSA ၏ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် မန္တလေးမြို့ရှိ ရှမ်းပြည်သူလူထုနှင့် တွေ့ဆုံစဉ် တိုက်ပွဲများ ဖြစ်မဖြစ်အတွက် မိမိတို့က အာမ ခံနိုင်မည်မဟုတ်ဘဲ အစိုးရကသာ အာမခံနိုင်မည်ဟု ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဆိုခဲ့သည်။

စာချုပ်ပါ အကြောင်းအရာများနှင့် အခြေအနေများကို ငါးရက်အတွင်း အောက်ခြေ တပ်ဖွဲ့များထံ ရှင်းလင်းခြင်း၊ ညွှန်ကြားခြင်းတို့ လုပ်ခဲ့ပြီးဖြစ်သည်ဟုလည်း ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဆိုခဲ့သည်။ ဖေါ်ပြခဲ့သော အဖွဲ့အစည်း အသီးသီးတို့၏ ထုတ်ပြန်ချက်များ၊ လူပုဂ္ဂိုလ်တို့၏ ထုတ်ဖေါ် ပြောဆိုချက်များကို ခြုံငုံ လေ့လာမည်ဆိုပါက ထိုးစစ်မဆင်ရန်နှင့် အပစ်ရပ် စာချုပ်ပါ အချက်အလက်များကို လေးစား လိုက်နာရန် အထူးအလေးပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်တွင်းစစ်များအကြောင့် အဘက်ဘက်မှ နိမ့်ကျနေခဲ့သော နိုင်ငံ၊ စစ်ဘေးဒဏ်ကြောင့် လွယ်အိတ်တစ်လုံး၊ ပလိုင်းတစ်လုံး လွယ်ကာ မိမိ ချစ်မြတ်နိုးသည့် မွေးဖွားရာဒေသကို စွန့်ကာ စစ်ရှောင်နေကြရသည့် ဒုက္ခသည်များကို မဇ္ဈိမက မမြင်၊ မတွေ့လိုတော့ပါ။ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည်ဆိုပါကလည်း အောက်တိုဘာ ၁၅ ရက် လက်မှတ်ထိုးမှုသည် အချည်းအနည်းသာ ဖြစ်သွားပါလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required