အော်ရီဂွန်ကောလိပ် ပစ်ခတ်မှုဖြစ်ပြီး ရက်ပိုင်းအတွင်း အမေရိကန်တက္ကသိုလ်နှစ်ခုတွင် သေနတ်ပစ်ခတ်မှုများပြန်

အော်ရီဂွန်ကောလိပ် ပစ်ခတ်မှုဖြစ်ပြီး ရက်ပိုင်းအတွင်း အမေရိကန်တက္ကသိုလ်နှစ်ခုတွင် သေနတ်ပစ်ခတ်မှုများပြန်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်နှင့် အရီဇိုးနားပြည်နယ်တို့ရှိ တက္ကသိုလ်တွင် သီးခြားပစ်ခတ်မှုများဖြစ်ပွားကာ လူနှစ်ဦးသေဆုံးသည်။

မြောက်အရီဇိုးနားတက္ကသိုလ်တွင် အောက်တိုဘာ ၉ ရက် အစောပိုင်းက ပစ်ခတ်မှုဖြစ်စဉ်အတွင်း တစ်ဦးသေဆုံးကာ သုံးဦးက ဒဏ်ရာရသည်။ တက္ကသိုလ်လူမှုသင်းပင်းအသင်းများမှ အဖွဲ့ဝင်များ ထိခိုက်သူများတွင် ပါဝင်သည်။

ထိုနေ့နံနက်နှောင်းပိုင်းတွင် တက္ကသိုလ်တောင်ပိုင်းတက္ကသိုလ်တွင် ကျောင်းသားစုဝေးဆောင်အတွင်း ပစ်ခတ်မှုဖြစ်၍ တစ်ဦးသေဆုံးခဲ့သည်။

အော်ရီဂွန်တွင် ကောလိပ်ကျောင်းတိုက်ခိုက်မှုဖြစ်ပြီး သေဆုံးဒဏ်ရာရသူများ၏ မိသားစုများထံ သမ္မတအိုဘားမား လာရောက်ပြီးနောက်တွင် ယင်းသို့ တက္ကသိုလ်နှစ်ခုတွင် ထပ်မံတိုက်ခိုက်မှု များဖြစ်ပွားခြင်းဖြစ်သည်။

ယခုအရီဇိုးနားတက္ကသိုလ်တိုက်ခိုက်မှုကို စတိဗင်ဂျုံးဟု ရဲက ပြောသော အသက် ၁၈ နှစ်ရှိ ပထမနှစ်ကျောင်းသားက ကျုးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းကား လူသတ်မှု ပုဒ်မကြီးနှင့်အတူ ကြီးမားဆိုဝါးသည့် လက်ရောက်ကျုးလွန်တိုက်ခိုက်မှုဖြင့် တရားစွဲထားသည်။

ဂျုံးက လူတစ်စုက သူထံလာကာ ကိုယ်ထိလက်ရောက်တိုက်ခိုက်ကြ၍ ပြေးပြီး ကားထဲက သေနတ်ယူကာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ရဲကို ပြောသည်။ သို့သော်လည်း သေဆုံးထိခိုက်သူများသည် လက်နက်မဲ့များဖြစ်သည်ဟု မျက်မြင်များက ရဲအားပြောကြားသည်။

တက္ကဆက်တွင်ဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုတွင် တစ်ဦးသေဆုံးပြီး အခြားသူတစ်ဦးဒဏ်ရာရပြီး ယင်းတိုက်ခိုက်မှုအတွက် သံသယဖြင့် ဖမ်းဆီးထားသူ နှစ်ဦးရှိကာ တတိယမြောက်တစ်ဦး ကိုလည်း ခြေရာခံလိုက်လံနေကြောင်း ဟူစတန်ရဲဌာန ပြောခွင့်ရသူ ဂျိုဒီဆီးဗားက ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required