မဲစာရင်း မှားယွင်းမှုကို မထွေးနိုင် မအန်နိုင် မင်းကိုနိုင်ဖြစ် မဲမညစ်နိုင်ဖို့ စုပေါင်း ကာကွယ်ကြရမယ်လို့ ပြော

မဲစာရင်း မှားယွင်းမှုကို မထွေးနိုင် မအန်နိုင် မင်းကိုနိုင်ဖြစ် မဲမညစ်နိုင်ဖို့ စုပေါင်း ကာကွယ်ကြရမယ်လို့ ပြော

ရန်ကုန်၊ စက်တင်ဘာ ၂၉။        ။ မဲစာရင်း မှားယွင်းမှု အများအပြား ဖြစ်ပေါ်နေသည့်အပေါ် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဖြစ်သူ မင်းကိုနိုင်က မထွေးနိုင်မအန် နိုင်သည့် အခြေအနေဟု ဆိုလိုက်ပြီး မဲမညစ်နိုင်ရန် စုပေါင်း ကာကွယ်ကြရမည်ဟု သူက ထုတ်ဖေါ်ပြောလိုက်သည်။

"ကော်မရှင်ကနေပြီးတော့ တရားဝင် လုပ်ပြောတဲ့စကားက အားလုံးသိပြီးသာနော်။ ၃၀% လောက်ပဲ အာမခံနိုင်မယ်ဆိုတဲ့ အခါကြတော့ ကျွန်တော်တို့က အင်မတန်ထွေးရခက် မြိုရခက် ဒီအချိန်ကြမှ ကျွန်တော်တို့ မပြိုင်တော့ဘူးဆိုပြီးတော့ သပိတ်မောက်မယ်ဆိုရင်လဲ မောက်တဲ့သူက မောက် လှန်တဲ့သူကလှန်၊ ဒါတွေက အများကြီ" ဟု သူကဆိုသည်။

မဲစာရင်းမှားယွင်းမှုများတွင် အဆိုးဆုံးအဖြစ် နောက်ဆုံးသတင်းမှာ တောင်ဥက္ကလာပ မြို့နယ်အတွင်း အမှန်တကယ် မနေထိုင်သည့်သူ ၆၀၀၀၀ ကျော် မဲစာရင်းတွင် ပါဝင်နေပြန်သည်။ အဆိုပါ အခြေအနေများအတွက် စုပေါင်း ကာကွယ်ကြရန်လည်း မင်းကိုနိုင်က တိုက်တွန်းသည်။

"မဲပေးဖြစ်အောင် ပေးပါ။ ပေးတဲ့အခါမှာ စေ့စပ်သေချာစွာပေးပါ။ ဒါကိုပြောပြီ။ ဒါဆိုရင် မဲပေးတဲ့ တစ်ဦးချင်းစီရဲ့ကိစ္စ။ နောက် ဒုတိယအပိုင်းကတော့ မဲပေးရုံလေးနဲ့ မပြီးဘူး။ ကလိမ်ကကျစ် ဖြစ်မည့်ကိစ္စတွေ မတရားပြု ကျင့်မည့်ကိစ္စတွေဘဲ ငါတို့အာရုံစိုက်မယ်" ဟု မင်းကိုနိုင်က ပြောသည်။

အလားတူ မြန်မာ့လူဦးရေ ၃၂ သန်းသည် မဲပေးခွင့်ရှိသူဟု ခန့်မှန်း ပြောဆိုနေကြသော်လည်း တိကျသည့် ထုတ်ပြန်မှုမျိုးမရှိသည့်အတွက် ကော်မရှင်က အမှန်တကယ် မဲပေးခွင့်ရှိသူ လူဦးရေ စာရင်းကို ထုတ်ပြန်ပေးရန်လည်း သူက တိုက်တွန်းထားသည်။

"မဲပေးပိုင်ခွင့်ရတဲ့ပြည်သူ ဘယ်နှစ်သန်းရှိတယ်ဆိုတာကို ဒီအချိန်မှာ ပွင့်ပွင့်လင်းလင်း ထုတ်ပြဖို့ တကယ်လိုနေပြီ။ ဘာကြောင့်လဲ ကျွန်တော်တို့က အဲဒီကိန်းဂဏန်းကို ကြည့်ရမှ အဲဒီရွေးကောက်ပွဲဟာ တရားမျှတသလား၊ မမျှတဘူးလာ ဘယ်နေရာမှာ ညစ်သလဲ ဘယ်နေရာမှာ မတော်တဆမှားပြီးတော့ ဘယ်နေရာမှာ ရည်ရွယ်ချက်ရှိရှိမှားအောင်လုပ်ထားလဲ ကျွန်တော်တို့ သုံးသပ်လို့ရမယ်" ဟု မင်းကိုနိုင်က ဆိုသည်။

"နောက်ဆုံးကတော့ မဲထည့်တဲ့နေ့တွေမှာ ကလိမ်ကကျစ် လုပ်လို့မရအောင် ကျွန်တော်တို့ စုပြီး ကာကွယ်ကြရမယ်" ဟု ပြောဆိုခဲ့သည်။

"ရှုပ်ထွေးမှုတွေ လာလိမ့်မယ်။ အငြင်းပွားစရာတွေ လာလိမ့်မယ်။ ဘာကြောင့်သိလဲဆိုတော့ မမေးနဲ့ အခုနက တစ်သက်လုံးနေပူထဲနေတဲ့ အချင်းချင်းကတော့ တစ်ယောက်က ဘယ်ခြေလှမ်းရင် ဘာလုပ်မယ်ဆိုတာ ကျွန်တော်တို့ အကုန်လုံးသိပြီးသား။ ကျွန်တော်တို့ ဒါဘဝမှာကြုံခဲ့တဲ့ အတွေ့အကြုံနဲ့ သိပြီးသား" ဟုလည်း ဆိုခဲ့သည်။

မဲစာရင်း မှားယွင်းမှုကို မထွေးနိုင် မအန်နိုင် မင်းကိုနိုင်ဖြစ်မဲမညစ်နိုင်ဖို့ စုပေါင်း ကာကွယ်ကြရမယ်လို့ ပြော"မဲပေးဖြစ်အောင် ပေးပါ။ ပေးတဲ့အခါမှာ စေ့စပ်သေချာစွာပေးပါ။ ဒါကိုပြောပြီ။ ဒါဆိုရင် မဲပေးတဲ့ တစ်ဦးချင်းစီရဲ့ကိစ္စ။ နောက် ဒုတိယအပိုင်းကတော့ မဲပေးရုံလေးနဲ့ မပြီးဘူး။ ကလိမ်ကကျစ် ဖြစ်မည့်ကိစ္စတွေ မတရားပြု ကျင့်မယ့်ကိစ္စတွေဘဲ ငါတို့အာရုံစိုက်မယ်" ဆက်ဖတ်ရန် http://mizzimaburmese.com/article/5368

Posted by Mizzima - News in Burmese on Tuesday, September 29, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required