ဘုရင်မင်းမြတ်အဖြစ် နောက်ဆုံး ၈၅ နှစ်ပြည့် မွေးနေ့မှာ ဂျပန်ဘုရင်ကြီး အကီဟီတိုက ငြိမ်ချမ်းရေးအတွက် ကောင်းချီးပေး

ဘုရင်မင်းမြတ်အဖြစ် နောက်ဆုံး ၈၅ နှစ်ပြည့် မွေးနေ့မှာ ဂျပန်ဘုရင်ကြီး အကီဟီတိုက ငြိမ်ချမ်းရေးအတွက် ကောင်းချီးပေး

တိုကျို၊ ဒီဇင်ဘာ ၂၄ ။           ။ ဂျပန်ဘုရင်မင်းမြတ် အကီဟီတိုဟာ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ သူရဲ့ ၈၅ နှစ်ပြည့်မွေးနေ့မှာ ငြိမ်းချမ်းရေးအတွက် ကောင်းချီးပေးရင်း သူ့ရဲ့ အုပ်ချုပ်မှု ပြီးဆုံးတော့မယ်ဖြစ်ကြောင်းကို အတည်ပြုပြောပါတယ်။

“မိမိရဲ့ အုပ်ချုပ်မှု ဟိုင်စေးခေတ်ဟာ အဆုံးသတ်ပါတော့မယ်။ ဂျပန်မှာ စစ်ပွဲတွေ ကင်းစင်တဲ့အတွက် ကျွနု်ပ်အတွက် စိတ်အေးချမ်းသာရပါတယ်။”လို့ တိုကျိုက ဘုရင်းမင်းမြတ်နန်းတော်ရာမှာ မွေးနေ့ပွဲ မကျင်းပခင် သတင်းစာရှင်းလင်းပွဲမှာ ဘုရင်မင်းမြတ် အကီဟီတိုက ပြောပါတယ်။

စစ်ပွဲရဲ့ ထိတ်လန့်ကြောက်ရွံ့စရာတွေကို မမေ့ပစ်ကြဖို့ အရေးကြီးကြောင်းကိုလည်း ဘုရင်ကြီးက အလေးအနက်ထား ပြောဆိုပါတယ်။

“ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ မရေတွက်နိုင်တဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတာကို မမေ့ပစ်ဖို့ အရေးကြီးကြောင်း ကျွနု်ပ်အနေနဲ့ ယုံကြည်ထားပါတယ်။ စစ်ကြီးအပြီးမှာ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှုကို ဂျပန်ပြည်သူတွေဟာ သွေးနဲ့ ချွေးနဲ့ တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။”လို့ ၎င်းက ဆိုပါတယ်။

ဒီသမိုင်းကြောင်းကို ငယ်ရွယ်တဲ့ မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပေးသွားသင့်တယ်လို့လည်း ဘုရင်ကြီးက ဖြည့်စွက်ဆိုပါတယ်။

ဘုရင်ကြီးဟာ သတင်းစာရှင်းလင်းပွဲကနေတစ်ဆင့် သူ့ရဲ့ နောက်ဆုံးပြည်သူသို့ အမှာစကားကို ပြောကြားပြီး နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် မွေးနေ့ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ဘုရင်ကြီး အကီဟီတိုအနေနဲ့ ၂၀၁၉ ဧပြီ ၃၀ မှာ နန်းစွန့်မှာ ဖြစ်ပြီး သားဖြစ်သူ အိမ်ရှေ့မင်းသား နာရူဟီတိုကို ထီးနန်းလွှဲအပ်မှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required