မြန်မာနိုင်ငံအကြောင်း အမွှမ်းတင်ပေးခဲ့သူ Twitter စီအီးအို Jack Dorsey

By BBC/ Daily Mail
10 December 2018
မြန်မာနိုင်ငံအကြောင်း အမွှမ်းတင်ပေးခဲ့သူ Twitter စီအီးအို Jack Dorsey

ဒီဇင်ဘာ ၁၀ ။             ။ Twitter ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jack Dorsey ကတော့ မြန်မာနိုင်ငံကို လူအများ သွားရောက်လည်ပတ်သင့်တဲ့ ခရီးသွားနေရာတစ်ခုအနေနဲ့ သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ပုံရိပ်မြှင့်တင်ပေးခဲ့ပါတယ်။

Jack Dorsey က ၎င်းဟာ ပြီးခဲ့တဲ့ လတုန်းက မြန်မာနိုင်ငံ မြောက်ပိုင်းဘက်ကို  တရားစခန်း ဝင်ဖို့ သွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်လို့ တွစ်တာကနေတဆင့် ထုတ်ဖော်ရေးသားထားခဲ့ပါတယ်။

" အဲဒီက လူတွေက တကယ့်ကို ပျော်ရွှင်နေကြပါတယ်၊ အဲဒီက အစားအသောက်တွေကလည်း မယုံနိုင်လောက်အောင် ကောင်းလွန်းပါတယ်"  ဆိုပြီး ၎င်းက ရေးသားထားပါတယ်။

 အဲဒီအတွက်ကြောင့်လည်း ၎င်းရဲ့ follower တွေကိုလည်း မြန်မာနိုင်ငံဆီ သွားလည်ကြဖို့ကိုပါ Dorsey က တိုက်တွန်းထားခဲ့ပါတယ်။

" ကျွန်တော် ရန်ကုန်၊ မန္တလေး၊ ပုဂံ တို့ကို သွားလည်ခဲ့တယ်၊ နိုင်ငံတစ်ဝှမ်းက  ဘုန်းတော်ကြီးကျောင်းတွေကိုလည်း သွားခဲ့ပါတယ်" ဆိုပြီး Dorsey က တွစ်တာမှာ ရေးထားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းမြန်မာနိုင်ငံဆီ လာလည်ချိန်တုန်းက ၁၀ ရက်ကြာ ၀ိပဿနာ တရားစခန်း ဝင်ချိန် အနက်ရောင်ဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ပုံတစ်ပုံကိုလည်း Dorsey က တွစ်တာပေါ် တင်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ယင်းကဲ့သို့ Twitter စီအီးအိုရဲ့ မြန်မာနိုင်ငံအကြောင်း အမွှမ်းတင်မှုနဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘင်္ဂါလီ မွတ်ဆလင် အကျပ်အတည်းကိစ္စ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ထားခဲ့တဲ့ အခြေအနေတွေ ရှိနေချိန် ခုလိုမျိုး Jack Dorsey ရဲ့ ပုံရိပ်မြှင့်တင်မှုအပေါ် တစ်ချို့က ဝေဖန်ပြစ်တင်ခဲ့ကြတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required