အသက်အကြီးဆုံး ချန်ပီယံလိဂ် ဂိုးသွင်းသူ ဖြစ်လာတဲ့ ပီပီ

By BBC
08 November 2023
အသက်အကြီးဆုံး ချန်ပီယံလိဂ် ဂိုးသွင်းသူ ဖြစ်လာတဲ့ ပီပီ

ပေါ်တူဂီနောက်ခံလူ ပီပီဟာ အုပ်စု H မှာ ပေါ်တိုတို့ အန့်ဝပ်အသင်းကို အနိုင်ရအောင် ကူညီခဲ့ရာမှာ သူ့ရဲ့နောက်ကျ ခေါင်းတိုက်သွင်းဂိုးကြောင့် သူဟာ ချန်ပီယံလိဂ်သမိုင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။

အသက် ၄၀ နှစ်နဲ့ ၂၅၄ ရက်ရှိပြီဖြစ်တဲ့ ပီပီဟာ ၉၁ မိနစ်မှာ သူ့ရဲ့အသင်းအတွက် ဒုတိယမြောက်အနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ဥရောပဘောလုံးပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ၄၀ ကျော် ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဖရန်ဆက်စကို တော့တီဟာ ၃၈ နှစ်နဲ့ ၅၉ ရက်မှာ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ထားခဲ့တာပါ။

ပီပီဟာ ပြိုင်ပွဲသမိုင်းတလျှောက် အသက်အကြီးဆုံး ဂိုးသမားမဟုတ်တဲ့ outfield player တယောက်လည်းဖြစ်ပါတယ်။

သူဟာ အောက်တိုဘာလ ၂၅ ရက်က အဆိုပါပြိုင်ဘက်တွေနဲ့ စတင်ရင်ဆိုင်ခဲ့ချိန်ကတည်းက သူဟာ အဲဒီစံချိန်ကို ချိုးဖျက်ခဲ့တာပါ။

ဂိုးသမား မာကို ဘာလောတာဟာ ချန်ပီယံလိဂ်ရဲ့ အသက်အကြီးဆုံး ပွဲကစားသူဖြစ်ပြီး သူဟာ ၂၀၀၇ ဒီဇင်ဘာလမှာ လာဇီယိုအတွက် ရီးယဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ချိန် အသက် ၄၃ နှစ်နဲ့ ၂၅၂ ရက်ရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ အသက်အကြီးဆုံး ဂိုးသွင်းသူများ

ပီပီ (ပေါ်တို) v အန့်ဝပ်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် - အသက် ၄၀ နှစ်နဲ့ ၂၅၄ ရက်

ဖရန်ဆက်စကို တော့တီ (ရိုးမား) v CSKA Moskva၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်  - အသက် ၃၈ နှစ်နဲ့ ၅၉ ရက်

ရိုင်ယန်ဂစ် (မန်ချက်စတာယူနိုက်တက်) v ဘင်ဖီကာ၊ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက် - အသက် ၃၇ နှစ်နဲ့ ၂၉၀ ရက်

ဖိလစ်ပို အင်ဇာဂီ (အေစီမီလန်) v ရီးယဲလ်မက်ဒရစ်၊ ၂၀၁၀ နိုဝင်ဘာ ၃ ရက် - အသက် ၃၇ နှစ်နဲ့ ၈၇ ရက်

ဂျာဗီယာ ဇနက်တီ (အင်တာ) v တော့တင်ဟမ်ဟော့စပါး၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၀ ရက် - အသက် ၃၇ နှစ်နဲ့ ၇၂ ရက်

လူကာမိုဒရစ် (ရီးယဲလ်မက်ဒရစ်) v ဆဲလ်တစ်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂ ရက် - အသက် ၃၇ နှစ်နဲ့ ၅၄ ရက်

အီဒင် ဒီဇီကို (အင်တာ) v အေစီမီလန်၊ ၂၀၂၃ ခုနှစ်၊ မေ ၁၀ ရက် - အသက် ၃၇ နှစ်နဲ့ ၅၄ ရက်

အိုလီဗီယာ ဂီရူး (အေစီမီလန်) v ပီအက်စ်ဂျီ၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက် - အသက် ၃၇ နှစ်နဲ့ ၃၈ ရက်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required