တော့တင်ဟမ်နည်းပြဟောင်း နူနိုကို ဆော်ဒီကလပ် အယ်လ်အီတီဟတ် ထုတ်ပယ်

By AFP
08 November 2023
တော့တင်ဟမ်နည်းပြဟောင်း နူနိုကို ဆော်ဒီကလပ် အယ်လ်အီတီဟတ် ထုတ်ပယ်

တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြဟောင်း နူနိုအက်စပီရီတိုဆန်တိုရဲ့ လက်ထက်မှာ ရလဒ်တွေ ဆိုးရွားတဲ့နောက်ဆက်တွဲအနေဖြင့် အယ်လ်အီတီဟတ်ဟာ ပေါ်တူဂီသားနည်းပြကို ထုတ်ပယ်လိုက်ကြောင်း ဆော်ဒီချန်ပီယံများအသင်းက ပြောပါတယ်။

နူနိုဟာ ဆော်ဒီပရိုလိဂ်မှာ ၎င်းတို့တွေ ရုန်းကန်မှုရမှုတွေကြာင့် ဖိအားတွေ ခံနေရပြီး တနင်္လာနေ့မှာ အာရှချန်ပီယံလိဂ်မှာ အီရတ်ရဲ့ Air Force Club အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ကလပ်အသင်းက နူနိုကို ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

၂၀၁၇-၂၀၂၁ ကနေ ဝုဗ်အသင်းနည်းပြအဖြစ် အောင်မြင်ဖြတ်သန်းခဲ့တဲ့ နူနိုဟာ ပြီးခဲ့နှစ် ဇူလိုင်လကတည်းက ဂျဒ်ဒါအခြေစိုက် အယ်လ်အီတီဟတ်ကို တာဝန်ယူခဲ့တာပါ။

ပေါ်တိုနည်းပြဟောင်းဟာ ပြီးခဲ့နှစ်ရာသီက အယ်လ်အီတီဟတ်ကို ဆော်ဒီအမှတ်ပေးဆုဖလားကို ရယူပေးထားပေမယ့်လည်း ပြည်ပကြယ်ပွင့်တွေ ပရိုလိဂ်သို့ ပြောင်းရွှေ့ဝင်ရောက်မှု တစိတ်တပိုင်းအဖြစ် ဒီနှစ်ဇွန်လမှာ ကလပ်သို့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ကာရင်ဘင်ဇီမာနဲ့ ဆက်ဆံရေးခက်ခဲကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

"ပေါ်တူဂီသားနည်းပြ နူနိုဆန်တိုနဲ့အတူ ၎င်းရဲ့စာချုပ်အဆုံးသတ်ကြောင်း ကလပ်အသင်းက ကြေညာလိုက်ပါတယ်"လို့ အယ်လ်အီတီဟတ်က အရင်က Twitter လို့လူသိများတဲ့ X မှာ တင်ထားတဲ့ ကြေညာချက်တခုမှာ ပြောပါတယ်။

"သူဟာ ဘောလုံးအသင်းကို ပထမဆုံး နည်းပြအဖြစ် တာဝန်ယူခဲ့ချိန်ကာလအတွင်း ပြီးခဲ့တဲ့ အဆင့်ရဲ့ နည်းစနစ်ပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ပြီးနောက် ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။"

လက်ထောက်နည်းပြ ဟာဆန်ခါလီဖာဟာ နူနိုကို အစားထိုးဖို့ ကလပ်က အပြီးသတ်ရွေးချယ်လိုက်တဲ့နောက် သူဟာ အသင်းကို ယာယီတာဝန်ယူမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နူနိုဟာ တော့တင်ဟမ်အသင်းနည်းပြအဖြစ် ၂၀၂၁ နွေရာသီမှာ ခန့်အပ်ခံခဲ့ရပေမယ့်လည်း သူဟာ ထုတ်ပယ်မခံရခင် အသင်းကို လေးလခန့်သာ ကိုင်တွယ်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly