တရားစီရင်ရေးတွင် တပ်မတော်အရာရှိများ ခန့်အပ်သည့်အပေါ် အဝါလှုပ်ရှားမှု ဒုတိယနေ့ ဆက်လှုပ်ရှား

တရားစီရင်ရေးတွင် တပ်မတော်အရာရှိများ ခန့်အပ်သည့်အပေါ် အဝါလှုပ်ရှားမှု ဒုတိယနေ့ ဆက်လှုပ်ရှား

နေပြည်တော်၊ စက်တင်ဘာ ၁၀ ။         ။ တရားစီရင်ရေးကဏ္ဍတွင် တပ်မတော်အရာရှိများအား ခန့်အပ်သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် ပျဉ်းမနားမြို့နယ်တရားရုံးရှေ့တွင် ရှေ့နေများက အဝါရောင်ဖဲကြိုများတပ်ဆင်ကာ စက်တင်ဘာ ၁၀ရက်က ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ကျော်လုပ်ရာလည်း မရောက်အောင် အသိပေးပါတယ်။ တရားသူကြီးကလည်း ခွင့်ပြုတယ် ခွင့်မပြုဘူး မပြောဘူး” ဟု လှုပ်ရှားမှုတွင် ပါဝင်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

စက်တင်ဘာလ၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင်တရားရုံးတွင် Yellow Ribbon လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့သည်။ စက်တင်ဘာ ၁၀ရက်တါင် ဒုတိယအကြိမ်အဖြစ် ပျဉ်းမနားမြို့နယ် တရားရုံးရှေ့တွင် အထက်တန်းရှေ့နေများ နှင့် တရားလွှတ်တော်ရှေ့နေများက Yellow Ribbon လှုပ်ရှားမှုကို လုပ်ခဲ့ကြသည်။

တပ်မတော်မှ အငြိမ်းစားယူထားသူ ၂၀ခန့်ကို ဒုတိယညွန်ကြားရေးမှူးချုပ်ရာထူးမှ စတင်ခန့်အပ်လိုက်သည့် အပေါ် ယင်းလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။

“ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးက ဒုတိယခရိုင်တရားသူကြီး ရာထူးနဲ့အတူတူပဲလေ” ဟု ပြီးခဲ့သည့်သြဂုတ်လအတွင်းကစစ်တပ်မှ အငြိမ်းစားတစ်ဦးက ဒုတိယညွှန်ကြားရေးမှူး ခန့်အပ်အပေါ် Yellow Ribbon လှုပ်ရှားမှုတွင ်ပါဝင်သည့် ပျဉ်းမနားမြို့မှ အထက်တန်းရှေ့နေ ဦးသန့်ဇင်ကျော်က ပြောကြားသည်။

“ဒီနည်းနဲ့ ကျွန်တော်တို့က သဘောထားကိုပြပြီးတော့ မကန့်ကွက်လိုက်လို့ရှိရင် အလုံးအရင်းနဲ့ လာနိုင်ပါတယ်” ဟု ရှေ့နေတစ်ဦးကပြောသည်။      

Yellow Ribbon လှုပ်ရှားမှုကို စက်တင်ဘာ ၁၁ရက်တွင်လည်း နေပြည်တော်ရှိ သီရိလေးမြို့နယ်တွင် လှုပ်ရှားဦးမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required