ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဇဗ္ဗူသီရိမြို့နယ်ရုံးအတွင်း သမ္မတဦးသိန်းစိန်ဓာတ်ပုံဖြင့် မဲဆွယ်ထားသောဆိုင်းဘုတ်ထောင်ထားသည်ကို စက်တင်ဘာ ၁၀ရက်၊ ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
လာမည့်ရွေးကောက်ပွဲတွင် ဇဗ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်းဖြစ်သူ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းနှင့် အမျိုးသားလွှတ်တော်အမတ်လောင်း ဦးမှတ်ကြီးတို့၏ ဓာတ်ပုံနှင့် ယှဉ်တွဲထားသော သမ္မတဦးသိန်းစိန်၏ ဓာတ်ပုံတွင် “ပြည်သူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်” ဟုလည်း ရေးသားထားသည်။