ရန်ကုန် ၁ဝ မြို့နယ်အတွင်း ဘုရားဆင်းတုတော် ခိုးယူခဲ့သူများကိုဖမ်းဆီး

ရန်ကုန် ၁ဝ မြို့နယ်အတွင်း ဘုရားဆင်းတုတော် ခိုးယူခဲ့သူများကိုဖမ်းဆီး
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့
 

ရန်ကုန်၊ နိုဝင်ဘာလ ၂၃ ။                ။ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁ဝ မြို့နယ်အတွင်းမှ ဘုရားဆင်းတုတော်များနှင့် နတ်ရုတ်တုများ ခိုးယူခဲ့သူ အမျိုးသမီးတစ်ဦးနှင့်  အမျိုးသားနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ နိုဝင် ဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးရမိသူ သုံးဦးမှာ လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် မသန္တာ(ခ) သန္တာကြည်၊  လှိုင်သာယာမြို့နယ်၊ (၁/၁၁) ရပ်ကွက်နေ အသက် ၂ဝ အရွယ် ဖြိုးမြင့်ဝင်းဆု(ခ) ကိုဖြိုးဆိုသူနှင့် အသက် ၃ဝ အရွယ် ရဲမင်း(ခ) မှန်ကြီးဆိုသူတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၃ ဦးကို ရဲတပ်ဖွဲ့က  နိုဝင်ဘာလ ၂ဝ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ကမာရွတ်မြို့နယ်၊ (၁၀) ရပ်ကွက်၊ သံလွင်လမ်းရှိ၊ ဓာတ်ပေါင်းစုစေတီအနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရန်ကုန်တိုင်း ဒေသ ကြီးအတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဘုရားဆင်းတုတော်များနှင့် နယ်ရုပ် တုများအား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၄င်းတို့သုံးဦးသည် အောက်တိုဘာလအတွင်းက မင်္ဂလာဒုံမြို့နယ်၊ ကျိုက်က္ကလို့စေတီဝင်းအတွင်းမှ ဓမ္မစင်္ကြာဘုရား ၁ ဆူ၊ မှန်စီရွှေချမကိုဋ်ဘုရား ၁ ဆူ၊ ရွှေချထားသည့် ပလ္လင် ၁ ခု၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ပုပ္ပါး ကျောင်း အတွင်းမှ မှန်စီရွှေချဒေါင်းရုပ်ပါ ပလ္လင်နောက်မှီ ၁ ခု၊ မှန်စီရွှေချ ဒေါင်းရုပ် ၂ ရုပ်၊ မှန်စီရွှေချ နဂါးရုပ် ၂ ရုပ်တို့ အား ခိုးယူခဲ့သည်။

 ထို့ပြင် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ (ဃ)စျေး၊ နွယ်နီလမ်းရှိ ရန်အောင်ဓါတ်ကြိမ်ဘုရားဝင်း အတွင်းမှ ကြေးမောင်း ၁ ခု၊ ဝေဘာဂီဘူတာအနီးရှိ ဘုရားဝင်းအတွင်းမှ ရုပ်ပွားတော် ၂ ဆူ၊ တောင်ဥက္က လာပမြို့နယ်၊ တောင်ဥက္ကလာပစေတီဝင်းအတွင်းမှ သမ္ဗုဒ္ဓေရုပ်ပွားတော် ၁ ဆူတို့အား ခိုးယူခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလအတွင်းကလည်း မှော်ဘီမြို့နယ်၊ (၂)ရပ်ကွက်၊ သီတာရုံဘုန်းကြီးကျောင်း၊ ဘိုးဘိုးကြီး နတ်နန်း အတွင်းမှ အိမ်တွင်းနတ်ရုပ်ထု ၁ ခု၊ ကိုကြီးကျော်မြင်းစီရုပ်ထု ၁ ခု၊ နံကရိုင်းမယ်တော်ရုပ်ထု ၁ ခု၊ ပုပ္ပါးမယ် တော်ရုပ်ထု ၁ ခု၊ တောင်ပြုံးမင်းကြီး/မင်းငယ်ရုပ်ထု ၂ ခု၊ မြင်းဖြူရှင်ရုပ်ထု ၂ ခု၊ မနှဲလေးရုပ်ထု ၂ ခု၊ ရှမ်းမောင် နှမရုပ်ထု ၂ ခု တို့အား ခိုးယူခဲ့သည်။

ထို့ပြင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ၊လှော်ကားလမ်း၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားဝင်းအတွင်းမှ ဆင် ၃ ကောင်ပါ ဆင်ခံဘုရား ၁ ဆူ၊ ဆင် ၄ ကောင်ပါ ဆင်ခံဘုရား ၁ ဆူ၊ ရှင်ဥပဂုတ္တရုပ်ထု ၁ ခု၊ တွံတွေးမြို့နယ်၊ ကံဘဲ့ကျေးရွာ အုပ်စု၊ နတ်စင်စုကျေးရွာ၊ နတ်စင်ရောင်စေတီတော်မှ အမေရေယာဉ်ရုပ်ထု ၁ ခု၊ ကိုအောင်နိုင်ရုပ်ထု ၁ ခု၊ မင်းကြီး/မင်းငယ် ရုပ်ထု ၁ ခု၊ မှန်စီမကိုဋ်ဘုရား ၁ ဆူ၊ ရှင်ဥပဂုတ္တရုပ်ထု ၁ ခု၊ ရွှေချထားသည့် ဆင်းတုတော် ၃ ဆူ၊ သိကြားမင်းရုပ်ထု ၁ ခု၊ ရှင်သီဝလိရုပ်ထု ၂ ခု၊ သူရဿတီမယ်တော်ရုပ်ထု ၁ ခု၊ ပုပ္ပါးမယ်တော် ရုပ်ထု ၁ ခုတို့အား ခိုးယူခဲ့ကြောင်း သိရသည်။

 အင်းစိန်မြို့နယ်၊ မြို့သစ် (က/ခ)ရပ်ကွက်ရှိ ဖောင်တော်ဦးဘုရားဝင်းအတွင်းမှလည်း ဆင် ၄  ကောင်ပါ ရွှေချ ထားသော ဆင်ခံဘုရား ၁ ဆူ၊ လှိုင်သာယာမြို့နယ်၊ ညောင်ရွာရပ်တော်မူ ဘုရားဝင်းအတွင်းမှ ကြေးဆင်းတု တော် ၁ ဆူ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းမှ ကြေးဆင်းတုတော် ၁ ဆူ၊ လှည်း ကူးမြို့နယ်၊ ဒါးပိန်အထက်ရှမ်းတဲကြီးကျေးရွာ အမှတ် (၂)လမ်း ဘေး သီလရှင်ကျောင်းဝင်းအတွင်းရှိ ကလေးနတ်နန်းအတွင်းမှ ကြေးမောင်း ၁ ခု၊ ရွှေပြည်သာမြို့နယ်၊ မြို့ဦးစေတီနှင့် ဆောက်လုပ်ရေး မှတ်တိုင် အနီးရှိ ဘုရားဝင်းအတွင်းမှ ဝိသာခါရုပ်ထု ၁ ခု၊ ကျောက်ဆင်းတုတော်ဘုရား ၁ ဆူ၊ သစ်သား ဆင်းတုတော် ဘုရား ၃ ဆူ၊ ဦးတီပွားသစ်သားရုပ်ထု(၁)ခုတို့ အား ခိုးယူခဲ့သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ရွှေသာ လျောင်းဘုရားဝင်းအတွင်းမှ ကြေးမောင်း ၁ ခု၊ ရွှေချထားသော သစ်သား ဆင်းတုတော် ၁ ဆူတို့ကိုလည်း ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန် ချက်တွင်ပါရှိ သည်။

ခိုးယူခံခဲ့ရသည့် ဘုရားဆင်းတုတော်နှင့် နတ်ရုပ်တုပိုင်ရှင်များအနေဖြင့်လည်း သက်ဆိုင်ရာရဲစခန်းများတွင် လာရောက်စုံးစမ်းနိုင်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required