ရန်ကုန်၊ အောက်တိုဘာ ၂၁ ။ ။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်း၏ ခင်ပွန်းဖြစ်သူ ဦး ဦးချစ်မောင်သည် ဘင်္ဂလားဒေ့ရှ် ဒါကာလေဆိပ်တွင် ယမန်နေ့က အဖမ်းခံခဲ့ရကြောင်း သိရသည်။
“ အဖမ်းခံရတာတော့ဟုတ်ပါတယ် “ ဟု ဒေါ်စောမြရာဇာလင်း၏ ကိုယ်ရေးအရာရှိဖြစ်သူက မဇ္ဈိမသို့ အတည်ပြုပြောသည်။
ယင်းကိစ္စနှင့် ပက်သက်ပြီး ဒေါ်စောမြရာဇာလင်းအားဆက်သွယ်ရာ မည်သည့်ကိစ္စနှင့် ပက်သက်၍ဖမ်းဆီးခဲ့ခြင်းမှန်း မသိသေးကြောင်း ပြန်လည်ဖြေဆိုခဲ့ပြီး အသေးစိတ်ကို နောက်တစ်နေ့တွင် ပြန်လည်ဖြေဆိုပေးမည်ဟု ပြောဆိုခဲ့သည်။
ယခု ဖမ်းဆီးခံခဲ့ရသည့် ဦး ဦးချစ်မောင်သည် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ပါတီဝင်မဟုတ်ဘဲ သာမန်အရပ်သားတစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။