ရေဘေးသင့်ဒေသများသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထား ရေးဌာန မှကျပ်သိန်းငါးထောင်ကျော်ထောက်ပံ့

ရေဘေးသင့်ဒေသများသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထား ရေးဌာန မှကျပ်သိန်းငါးထောင်ကျော်ထောက်ပံ့

သြဂုတ်၊၁၁ ။        ။ မြန်မာနိုင်ငံတစ်ဝန်းရှိဇွန်လ ၂၄ ရက်မှ သြဂုတ်လ ၁၀ ရက်နေ့ထိသဘာဝဘေး အန္တရာယ် ကျရောက်ခဲ့သည့်ဒေသများနှင့်သေဆုံးသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာ ချထားရေးဌာနကကျပ်သိန်းငါးထောင်ကျော်ထောက်ပံ့ခဲ့ပြီးဖြစ်သည်ဟုယင်းဌာနက ထုတ်ပြန်ခဲ့သည်။

ဇွန်၊ဇူလိုင်နှင့်သြဂုတ်လအတွင်း ရေဘေးကြောင့်နေအိမ်မျှောပါ ပျက်စီး(၁၆၀၁၈) အိမ်၊ပြောင်း ရွှေ့ (၁၈၉၈၀၆) အိမ်၊ ဘေးသင့်လူဦးရေ (၉၁၇၃၁၅) ဦး ရှိခဲ့ပြီး၊အရေးပေါ်အစားအစာ၊ အိမ်ဆောက်ပ စ္စည်း ၊ကူညီကယ်ဆယ်ရေးပစ္စည်းနှင့်သေဆုံးသူများအတွက်ကူညီငွေကျပ် (၅၀၈၁၆၆၀၇၆) ၊သိန်းငါးထောင်ကျော်ကူညီထောက်ပံ့ပြီးဖြစ်သည်ဟုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနက ယနေ့နိုင်ငံပိုင်သတင်းစာများတွင်ကြေညာသည်။

တိုင်းနှင့်ပြည်နယ်ခြောက်ခုရှိရေဘေးအန္တရာယ်ကြောင့်သေဆုံးသူ စုစုပေါင်း ၁၀၇ ဦးရှိပြီးယနေ့ထိ ကျပ် ၉၁သိန်း ထောက်ပံ့ထားသည်ဟုယင်းဌာန၏စရင်းတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly