မန်ယူ၏ facebook ကာဗာဓာတ်ပုံတွင် ရွန်နီပါ၀င်သော ဓာတ်ပုံကို ဖယ်ရှား

မန်ယူ၏ facebook ကာဗာဓာတ်ပုံတွင် ရွန်နီပါ၀င်သော ဓာတ်ပုံကို ဖယ်ရှား

အင်္ဂလန်၊ ဇွန် ၁၄ ။             ။ မန်ယူအသင်း၏ facebook စာမျက်နှာတွင် အသင်းခေါင်းဆောင်ရွန်နီပါဝင်သောပုံကို ဖယ်ရှားပြီး ရွန်နီမပါဝင်သည့် ပုံဖြင့် အစားထိုးပြောင်းလဲလိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် ယခုအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းကို ရွန်နီစွန့်ခွာရန် သေချာသလောက်ရှိနေပြီဟု သတင်းများက ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းသည် ၎င်းတို့၏ facebook စာမျက်နှာတွင် ပြီးခဲ့သည့်လက ရွန်နီ၊ ပေါ့ဂ်ဘာ၊ ဟာရဲရားနှင့် လင်ဂတ်တို့ ပါဝင်သော ဂျာစီအသစ်နှင့်ပုံကို တင်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် နာရီ ၂၀ ကမူ ရွန်နီမပါသော ပေါ့ဂ်ဘာ၊ ဟာရဲရားနှင့် လင်ဂတ်တို့၏ပုံကို ပြောင်းလဲလိုက်သည်။

ရွန်နီသည် နည်းပြမော်ရင်ဟို၏လက်အောက်တွင် ပွဲထွက်ခွင့်မရသည့်အတွက် သူ၏အနာဂတ်အတွက် စဉ်းစားနေကြောင်း၊ မိသားစုနှင့်တိုင်ပင်ပြီး အကောင်းဆုံးဖြစ်မည့်ဆုံးဖြတ်ချက်ကို ချမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

လက်ရှိတွင် ရွန်နီကို အသင်းဟောင်း အဲဗာတန်ကို ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေသလို တရုတ်ကလပ်များနှင့် မေဂျာလိဂ်ကလပ်များကလည်း ခေါ်ယူလိုလျက်ရှိနေကြသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required