နိုင်ငံရေး အကျဉ်းသားများ အားလုံး သင်္ကြန်မတိုင်မီ လွှတ်ပေးရန်အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့၌ နိုင်ငံရေးတက်ကြွလှုပ််ရှားသူကိုဝင်းလှိုင်က ဧပြီ ရ ရက်တွင် တစ်ကိုယ်တော် ဆန္ဒပြတောင်း ဆိုခဲ့သည်။
"ဒီမိုကရေစီအစိုးရဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါ။ အစိုးရ ဂုဏ်ရှိဖို့ အစိုးရသိက္ခာရှိဖို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါ"ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူကိုဝင်းလှိုင်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သင်္ကြန်အလွန်ကာလက နိုင်ငံတော်သမ္မတ ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိ်န့် ဖြင့် ကိုဝင်းလှိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားအများအပြားလွတ်မြောက်ခဲ့သည်။
သို့သော် အလုပ်သမားအရေး ၊ လယ်သမား အရေး ဆန္ဒပြမှုများ အပါအဝင် နိုင်ငံရေး လှုပ်ရှားမှုပုံစံအမျိုးမျိုး ကြောင် ၂၀၁၆ ၁၇ ခုနှစ်အတွင်းထပ်မံအကျဉ်းကျခံရသူများအတွက် သမ္မတ ၏ လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံတောင်းဆိုခြင်းဖြစ်သည်။
"သမ္မတကြီးဦးထင်ကျော်ကိုယ်တိုင်တစ်ချိန်က နိုင်ငံရေးအကျဉ်းသားပဲ ။ နိုင်ငံရေးအကျဉ်းသားသမ္မတ ကြီးက နိုင်ငံရေးအကျဉ်းသားတွေ ဘာလို့ လွှတ်မပေးရဲတာလဲ။ သမ္မတကြီးက ပြယုဂ်တစ်ခုသာဖြစ်ပြီး၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာပြားပြားဝပ်နေလို့လား"ဟု ကိုဝင်းလှိုင်က ဝေဖန်သည်။
ဦးနေဝင်း အစိုးရ ၊ဦးသန်းရွှေ အစိုးရ ၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် နိုင်ကျဉ်းများလွတ်မြောက်ရေး တောင်းဆိုမှုများရှိခဲ့သော်လည်း ယခု NLD အစိုးရလက်ထက်တွင် တောင်းဆိုမIများ လျော့နည်း လာခဲ့ကြောင်း ၄င်းက ထောက်ပြသည်။
ထိုနေ့နံနက် ၉နာရီအချိန်က ပြည်မြို့ဗိုလ်ချုပ်ကျောက်ရုုပ်အနီး လူငယ့်ရိပ်မြံု စင်တာရှေ့တွင် တစ်ကိုယ်တော်ဟောပြောမှုများပြုလုပ်ကာ "၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒို့အရေး" "နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တို့အရေး" စသည့် ကြွေးကြော်သံများကိုကြွေးကြော်ခဲ့သည်။