ချင်းပြည်နယ်အတွင်းရှိ လမ်းများ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရန် ကမ္ဘာ့ဘဏ်ကူညီမည်

ချင်းပြည်နယ်အတွင်းရှိ လမ်းများ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရန် ကမ္ဘာ့ဘဏ်ကူညီမည်
ကလေး-ဖလမ်း-ဟားခါးလမ်းပိုင်းတစ်နေရာအား လမ်းချဲ့နေသည့် မြင်ကွင်းတစ်ခုကို ၂၀၁၇၊ ဖေဖော်ဝါရီ ၂၄ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း၊မဇ္ဈိမ)

ရန်ကုန်၊ မတ် ၃ ။               ။ ချင်းပြည်နယ်၏ မြို့တော် ဟားခါးကို ဆက်သွယ်ထားသည့် အဓိက လမ်းနှစ်လမ်းကို နိုင်ငံတကာ အဆင့်မီလမ်းများအဖြစ် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ် (World Bank) က အကူအညီပေးမည်ဟု ချင်းပြည်နယ်၊ စည်ပင်သာယာရေး၊ လျှပ်စစ်၊ စက်မှုလက်မှုဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနတို့၏ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမကိုပြောသည်။

အဆိုပါ လမ်းအဆင့်မြှင့်တင်သည့် စီမံကိန်းအား ၂၀၂၀ ဒီဇင်ဘာ၌ ပြီးမြောက်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဟားခါးမြို့တော်သို့ အဓိက ဆက်သွယ်ထားသည့် ကလေး-ဖလမ်း-ဟားခါးလမ်း နှင့် ဂန့်ဂေါ-ဟားခါးလမ်းများကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆၆ဒသမ၈သန်း အကုန်ကျခံဆောင်ရွက်မည်ဟု ဝန်ကြီးက ပြောသည်။

အဆိုပါလမ်းများ အဆင့်မြှင့်ပြီးစီးပါက "အရင်ကထက်တော့ နှစ်နာရီလောက် တိုသွားမယ်" လို့ လမ်းခရီးကြာမြင့်ချိန်နှင့် ပတ်သက်ပြီး ၎င်းကပြောသည်။

ကလေး-ဖလမ်း-ဟားခါးလမ်းမှာ လမ်းအရှည် ၁၂၄မိုင် ရှည်လျားပြီး ဂန့်ဂေါ-ဟားခါးလမ်းမှာ ၅၆မိုင်ဝန်းကျင် ရှည်လျားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required