စစ်ဘေးဒဏ်သင့် တရိစ္ဆာန်တွေကို မြို့ခံလူငယ်တွေ အစာလိုက်ကျွေး (ရုပ်သံ) 

By ဂျူချန်း (မဇ္ဈိမ)
27 November 2023
စစ်ဘေးဒဏ်သင့် တရိစ္ဆာန်တွေကို မြို့ခံလူငယ်တွေ အစာလိုက်ကျွေး (ရုပ်သံ) 

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒါကြောင့် မြို့နေလူထုအများစုဟာ လွိုင်ကော်မြို့ကို စွန့်ခွာပြီး ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ စစ်ပွဲတွေကြားမှာ မြို့ခံအရပ်သားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြ ပေမယ့် လွိုင်ကော်မြို့ထဲမှာတော့ ခွေးလေးတွေနဲ့ ကြောင်လေးတွေ ကျန်နေခဲ့ပါတယ်။ 

မြို့ထဲမှာ ကျန်နေတဲ့ ခွေးလေးကြောင်လေးတွေကို တိုက်ပွဲသံကြားကနေ မြို့ခံလူငယ်တွေက အစာလိုက်ကျွေးနေကြတာ ဖြစ်ပါတယ်။

တည်းဖြတ်/တင်ဆက် = ဂျူချန်း

#လွိုင်ကော်
#ခွေးလေးတွေကိုအစာကျွေး
#ကရင်နီ
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly