တပ်မတော်သားကိုယ်စားလှယ်မှ တပ် ၂ တပ်ကြားရှိ ကျေးရွာမီးလင်းရေး အဆိုပြု

တပ်မတော်သားကိုယ်စားလှယ်မှ တပ် ၂ တပ်ကြားရှိ ကျေးရွာမီးလင်းရေး အဆိုပြု

ပုသိမ်၊ ဖေဖော်ဝါရီ ၃ ။          ။ ပုသိမ်မြို့နယ်အတွက် ဒုတိယမေးခွန်းအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးတင်ဝင်းနိုင်က စမ်းမြိုင်ကျေးရွာမီးလင်းရေး တိုင်းလွှတ်တော်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မေးမြန်းခဲ့သည်။

"ပုသိမ်မြို့နယ်၊ ဇင်ပြွန်ကုန်းကျေးရွာ၊ စမ်းမြိုင်ကျေးရွာသည် တပ် ၂ တပ်ကြားတွင်ရှိပြီး၊ အဆိုပါ တပ် ၂ တပ်မှာ မီးလင်းသည်မှာ ဆယ်စုနှစ်ကျော် ကြာပြီးဖြစ်ပါသည်။ အဆိုရွာတွင် အိမ်ခြေ ၈၁ လုံး ရှိပြီး၊ လူဦးရေ ၃၁၂ ယောက်၊ ကျောင်းသားနှစ်ရာကျော်ရှိပြီး၊ အဆိုပါရွာ လူမှုစီးပွားဖွံဖြိုးရေး ကလေးငယ်များ အနာဂတ်ဘဝလှပရေး၊ ပညာရေးမြင့်မားတိုးတက်ရေးအတွက် လျှပ်စစ်မီးလင်းရေး   ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ”ဟု တပ်မတော်သား ကိုယ်စားလှယ်ဗိုလ်ကြီးတင်ဝင်းနိုင်က တိုင်းလွှတ်တော်တွင် မေးမြန်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရက စမ်းမြိုင်ကျေးရွာမီးလင်းရေးအတွက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လွှတ်တော်တွင်ပြန်လည်ဖြေဆိုခဲ့သည်။

ပုသိမ်မြို့နယ်၊ ဖိုးရွှေမြကုန်း-သဲဂရက် ကျေးရွာချင်းဆက်လမ်း အရှည် ၆၂၀၀ ကျောက်ခင်းလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိအား ဖေဖော်ဝါရီ ၂ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် မေးမြန်းခဲ့သည်။

ပုသိမ်မြို့၊ အမှတ်(၁)တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါက်တာစိုးဝင်း က မေးခွန်း နှစ်ခု၊ အမှတ်(၂) တိုင်းဒေသကြီးကိုယ်စားလှယ်ဦးအောင်သူထွေးက မေးခွန်း ၃ ခု အား ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required