စတားဝါးဇာတ်လမ်းထဲမှ ဟန်ဆိုလို၏ ငယ်ဘဝရုပ်ရှင်တွင် ၀ုဒ်ဒီဟာရယ်လ်ဆန်လည်း သရုပ်ဆောင်မည်

စတားဝါးဇာတ်လမ်းထဲမှ ဟန်ဆိုလို၏ ငယ်ဘဝရုပ်ရှင်တွင် ၀ုဒ်ဒီဟာရယ်လ်ဆန်လည်း သရုပ်ဆောင်မည်

ရုပ်ရှင်နာမည် မသတ်မှတ်ရသေးသော စတားဝါးဇာတ်လမ်းထဲမှ ဟန်ဆိုလို၏ ငယ်ဘဝအကြောင်း ရိုက်ကူးထား သည့် ရုပ်ရှင်တွင် ဝုဒ်ဒီဟာရယ်လ်ဆန်လည်း ပါဝင် သရုပ်ဆောင်ထားကြောင်း   ကြေညာခဲ့သည်။

ဟာရယ်လ်ဆန်ဟာ Cheers ရုပ်ရှင်တွင် ဝုဒ်ဒီဇာတ်ကောင်ဖြင့် လူသိများသလို Hunger Games နှင့် Now You See Me ဇာတ်ကားများတွင်လည်း ပါဝင်ခဲ့သော လူသိများသည့် သရုပ်ဆောင်တစ်ဦးဖြစ်ပါသည်။

အဆိုပါ ရုပ်ရှင်ရဲ့တွဲဖက်ဒါရိုက်တာများ ဖြစ်ကြသော ဖီလ်လော့ဒ်နှင့် ခရစ္စတိုဖာမီလာ တို့က တည်ကြည်လေးနက်သော သရုပ်ဆောင်တစ်ဦးနှင့် ယခုလို အလုပ်အတူတူ လုပ်ရခြင်းလောက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာရှိတော့မှာ မဟုတ်ကြောင်း ပြောခဲ့ကြသည်။

ပြီးခဲ့သော တနင်္ဂနွေနေ့တုန်းက ရွှေကမ္ဘာလုံးဆုပေးပွဲ၌ ရုပ်သံဇာတ်လမ်း Atlanta ဖြင့် ဆုရရှိခဲ့သော သရုပ်ဆောင် ဒေါ်နယ်လ်ဂလိုဗာဟာလည်း လန်ဒိုကယ်လ်ရစ်ရှန်၏ ငယ်ဘဝအဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး အဓိကဇာတ်ကောင် ဟန်ဆိုလိုအဖြစ် အယ်လ်ဒန်အဲရန်ရိန့်ခ်က ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။

အဆိုပါ ဇာတ်ကားကို လာမည့် ၂၀၁၈ တွင်စတင်ပြသသွားဖို့ ဇယားဆွဲထားပြီး အမ်မလီယာကလာ့ခ် ကလည်း ထို ရုပ်ရှင်ထဲတွင် ပါဝင်လာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required