သမ္မတရာထူးအတွက်သာ အာရုံစိုက်ချင်သဖြင့် စီးပွားရေးနယ်ပယ်ထဲမှ ထွက်ခွာမည်ဟု ထရမ့်ပြောဆို

သမ္မတရာထူးအတွက်သာ အာရုံစိုက်ချင်သဖြင့် စီးပွားရေးနယ်ပယ်ထဲမှ ထွက်ခွာမည်ဟု ထရမ့်ပြောဆို

လာမည့်နှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် သမ္မရာထူးအပ်နှင်းခံရမည် ဖြစ်သောကြောင့် ကမ္ဘာနှင့်တစ်ဝန်း စီးပွားရေးအင်ပါယာကြီးကို စီမံခန့်ခွဲနေခြင်းမှ ယာယီ အနားယူမည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ရွေးချယ်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။

ဟိုတယ်များနှင့် အပန်းဖြေဂေါက်ကွင်းများကို ပနားမားနိုင်ငံမှ စကော့တလန်နိုင်ငံလောက်ထိ ပိုင်ဆိုင်သော အောင်မြင်သည့် အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး ဒေါ်နယ်ထရမ့်က ၀ိုင်လုပ်ငန်းများ၊   မော်ဒယ်အေဂျင်စီလုပ်ငန်း များနှင့် သူပိုင်ဆိုင်သော ကမ္ဘာတစ်ဝန်းစီးပွားရေးလုပ်ငန်းများမှ အလုံးစုံသီးခြားနေထိုင်သွားမည့်အစီအစဉ်အား လာမည့် ဒီဇင်ဘာလ၁၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ၌   ဖော်ပြသွားမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ။်

ဒေါ်နယ်ထရမ့်ဂျူနီယာ၊ အိုင်ဗန်ကာထရမ့်၊ နဲ့ အဲရစ်ထရမ့် စသည့် အရွယ်ရောက်ပြီဖြစ်သော ဒေါ်နယ်ထရမ့်ရဲ့ သားသမီးများဟာ ထရမ့်ရဲ့စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းကြီးကြပ်သွားမည်ဖြစ်ပြီး ပုံစံအသစ်ဖြင့်ဖွဲ့စည်း တည်ဆောက်သွားများဖြစ်ကြောင်းကိုလည်း ထရမ့်ကုမ္ပဏီမှ ကြေညာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required