လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲအတွက် ပထမဆုံးကျင်းပတဲ့ ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို Winsconsin ပြည်နယ် Milwaukee မြို့ မှာ ကျင်းပပြီး ကိုယ်စားလှယ်လောင်း ၈ ယောက် ပါဝင် ဆွေးနွေးပွဲပါတယ်။ လူထုစစ်တမ်းတွေမှာ ရှေ့ဆုံးက ပြေးနေတဲ့ သမ္မတဟောင်း Donald Trump ပါဝင်ခြင်း မရှိပေမဲ့လည်း သူနဲ့ပတ်သက်တဲ့ သဘောထားမှတ်ချက်တွေက စကားစစ်ထိုးပွဲရဲ့ အဓိက အကြောင်းအရာတွေထဲက တခုဖြစ်ခဲ့ပါတယ်။ လေ့လာသူတွေကတော့ လက်ရှိ ယှဉ်ပြိုင်နေသူတွေဟာ သမ္မတဟောင်း Donald Trump ကိုကျော်ပြီး ပါတီကိုယ်စားပြု သမ္မလောင်းဖြစ်နိုင်ဖို့ မလွယ်ဘူးလို့ သုံးသပ်ပါတယ်။ VOA သတင်းထောက် Steve Herman ရဲ့ သတင်းပေးချက်နဲ့အတူ ဦးသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။