ပင်ပန်းနွမ်းနယ်မှုကြောင့် ဆေးရုံတက်ခဲ့ရသည့် နာမည်ကျော် ရက်ပ်အဆိုတော် Kanye West ဟာ တစ်ပတ် အကြာမှာ ဆေးရုံမှပြန်လည်ဆင်းလာခဲ့ပြီဖြစ်ပါတယ်။ CNN နှင့် လော့စ်အိန်ဂျယ်လိစ် Times သတင်းတွေရဲ့ အဆိုအရ အဆိုတော်ဟာ UCLA ဆေးကုသမှုစင်တာမှ အိမ်သို့ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။
ဆေးရုံမှ ပြန်လည်ထွက်ခွာသွားသည့် အဆိုတော်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကိုတော့ သူ့ရဲ့ကိုယ်စားလှယ်တွေက ပြောဆိုခြင်း မရှိပါဘူး။
အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် Jesus Walks သီချင်း ပိုင်ရှင်ဖြစ်သူ အဆိုတော် Kanye West ပြီးခဲ့တဲ့ အပတ်က ရဲစခန်းကို ဖုန်းဆက်ကာအကူညီတောင်းခံခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့ ကာလီဖိုးနီးယားတက္ကသိုလ်ရှိ Resnick Neuropsychiatric ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။