နွားထိုးကြီး ရွာသာအေးရွာတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

By 008 (မဇ္ဈိမ)
09 December 2023
နွားထိုးကြီး ရွာသာအေးရွာတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာသာအေးရွာတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဒီဇင်ဘာလ ၈ရက် ညနေပိုင်းက ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

"တပ်ပြန်မခေါက်ခင် အင်အား ၇၀ခန့် တန်းစီနေတဲ့အချိန် ဒရုန်းနှစ်စင်းနဲ့ တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်။ တည့်တည့်ကျတယ်။ နှစ်ယောက်ထိတယ်။ငါးယောက်လောက်က ဒဏ်ရာရတယ်။ ဒီထက်လည်းများနိုင်တယ်"ဟု ၎င်းကပြောသည်။

ရွာသာအေးကျေးရွာ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ ညနေပိုင်းအချိန်၌ တပ်ပြန်ခေါက်ရန် တန်းစီနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အတိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် လက်ရှိတွင် တပ်ပြန်မခေါက်နိုင်သေးဘဲ ရွာသာအေးရွာတွင်သာ ပြန်လည်တပ်စွဲထားရကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

စာတည်း။        ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#နွားထိုးကြီးမြို့နယ်
#ဗုံးသီးချတိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly