ကရင်နီပြည်နယ်မှာ ကြားကာလ တရားစီရင်ရေးဥပဒေနဲ့ စတင်အရေးယူ

ကရင်နီပြည်နယ်မှာ ကြားကာလ တရားစီရင်ရေးဥပဒေနဲ့ စတင်အရေးယူ

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကနေ  ကရင်နီပြည်နယ်ကြားကာလ တရားစီရင်ရေး ဥပဒေကို ဒီဇင်ဘာလ ၅ ရက်နေ့ စတင်ပြဋ္ဌာန်းလိုက်ပါတယ်။

ပြစ်မှုကျုးလွန်သူတွေကို ကရင်နီရဲဌာနကိုလွှဲပြောင်းပြီး တရားရေးဌာနကနေ ကြားကာလတရားစီရင်ရေး ဥပဒေနဲ့အညီ တရားစွဲဆိုအရေးယူတာတွေစတင် ဆောင်ရွက်နေတယ်လို့ ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကြားကာလ တရားစီရင်ရေးဥပဒေနဲ့အညီ တရားစွဲဆိုမယ့်သူအရေအတွက်ကို အတိအကျမပြောနိုင်ပေ မယ့် မူးယစ်ဆေးဝါးအမူတွေ၊ အိမ်တွင်းအကြမ်းဖက်မူတွေပါဝင်ပြီး စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေ တဲ့  Non-CDM  ဝန်ထမ်းတွေကိုလည်း အရေးယူနေပြီလို့ သိရပါတယ်။

တင်ဆက်၊ တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly