နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ ဒီဇင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ မြို့နယ်ပြည်သူ့လုံခြုံရေး ရဲမေများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့လေးစားဂုဏ်ပြုခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စုက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းတိုက်ပွဲအတွင်း လက် နက်ချအလင်း ဝင်သည့် စစ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လေကြောင်းကနေတိုက်ခိုက်၍ PDF များမှ ကယ် ထုတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က ယမန်နေ့ ညပိုင်းက ထုတ်ပြန်သည်။

မကွေးတိုင်း၊ ဆောမြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာန လက်အောက်တွင် လည်ပတ်နေသည့် စာသင်ကျောင်း တကျောင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ပန်းချီပြိုင်ပွဲပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်မြောက်ပိုင်း၊ ဟုမ္မလင်းမြို့က အောင်ဇေယျ ရန်သူ့တပ် စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က ဒီနေ့မှာ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျေးရွာတစ်ရွာက စစ်ဘေးရှောင်စခန်းအသစ်ကို အရာတော် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ၊ မြို့နယ်ဆက်သွယ်ရေးတာဝန်ခံ၊ မြို့နယ်လူသားစာနာတာဝန်ခံတို့က ဒီဇင်ဘာ ၇ရက်က သွားရောက် ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြသည်။

ကရင်ပြည်နယ်က စစ်ဘေးရှောင်စာသင်ကျောင်းများ၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နှင့် ကရင်ပြည်နယ် ပရဟိတလူငယ်အဖွဲများ ပူးပေါင်းပြီး ဒီဇင်ဘာ ၈ ရက်က ပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

၇၅နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျောင်းသားတပ်မတော် (ABSDF) အမှတ်(၃) စစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့ကြရာ "လူ့ဂုဏ်သိက္ခာနှင့်အညီလွတ်လပ် မျှတခြင်းဆီ လှိုင်းများ နှင့်အတူချီ” ခေါင်းစဉ်နှင့် ပိုစတာ ကမ်ပိန်းမှာ ပါဝင်ခဲ့ပြီး ရဲဘော်တွေက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စကားဝိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခြေခံလူ့အခွင့်ရေးများဖြစ်သည့် လွတ်လပ်စွာ အသက်ရှင်သန်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရန်အတွက် အသက်ပေးပြီးကြိုးစားနေကြရသည့်အကြောင်း လူ့အခွင့် အရေး ရပိုင်ခွင့် အတွက် လှုပ်ရှားနေကြသူများက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံအမြောက်တပ်မှ စစ်သမီးနှစ်ဦးနှင့် အငြိမ်းစား တပ်ကြပ်ကြီးတဦးကို ဖမ်းဆီးခဲ့ကြောင်း Black Falcon Guerrilla Forces က ဒီဇင်ဘာ ၈ ရက်နေ့က  ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ- ယာကြီးလမ်းဘေးရှိ ဘန့်ဘွေးရွာမတွင် တပ်စွဲနေ သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒီဇင်ဘာလ ၈ ရက် ညနေ ၃ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ - မန္တလေးလမ်းမကြီးကို အရေးပေါ်အခြေအ​နေအရ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywaက သတိပေးထုတ်ပြန်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ဒေသတွင်းPDF ရဲဘော်တစ်ဦး ပစ်ခတ်ခံရပြီး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် အခြားတစ်နိုင်ငံ၏ ကျူးကျော်မှုကို ခံနေရခြင်းမဟုတ်ဘဲ မြန်မာပြည်သူများကို ထပ်မံမသတ်ဖြတ်ရုံဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် သမိုင်းဝင်နိုင်မည့် အခွင့်အရေးရှိနေ ကြောင်း တီမောလက်စတေး(အရှေ့တီမော)သမ္မတ ဂျိုးဆေးရာမို့ဟောတာက ပြောကြားသည်။

ဘီးလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဇုံ ၂ တွင် လူ့အခွင့်အရေးနှင့် ပတ်သတ်ပြီး ကမ်ပိန်းပြု လုပ်ခဲ့ကာ ရဲဘော်များကို လူ့အခွင့်အရေးနှင့် ပတ်သက်၍ အသိပညာပေး ဝေမျှခဲ့ကြောင်း သိရှိ ရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

စစ်အာဏာရှင်စနစ် အမြတ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးတွင် တာဝန်ရှိသည် ကို မီးမောင်းထိုးပြလိုက်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးကို လိုလားသူမှန်သမျှသည် ယနေ့အချိန်တွင် ပုံစံတစ်မျိုးမျိုးဖြင့် ပါဝင်နေပြီးသူဖြစ်နေရမည်ဆိုသည်ကိုလည်း သတိပေးတပ် လှန့်လိုက်ကြောင်း ကိုးကန့် (MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင်(AA)ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။

ရှမ်းမြောက် ကိုးကန့်ဒေသ တိုက်ပွဲများ၌ ဖမ်းမိသည့် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ဝင်များထဲမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄၉ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဘက်ခိုလှုံ ပူးပေါင်းကြရန် KNU တပ်မဟာ ၁ သထုံခရိုင်က သတိပေးချက် ယနေ့ ထုတ်ပြန်သည်။

ကရင်နီပြည်နယ်ရှိ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ယမန်နေ့ ညပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

မုန်းမြို့တိုက်ပွဲအတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နွေးထွေးစွာကြိုဆိုပြီး ဥပဒေနှင့်အညီ ဆက်ဆံခြင်းအား ကျေးဇူးတင်ကြောင်း ရဲဘော်ရဲဘက်များ ထိခိုက်ဆုံးရှုံးမှုမ များစေရေး အတွက် လက်နက်ချရန် ဆုံးဖြတ်ခဲ့သည့် စစ်သုံ့ပန်း ခလရ(၈၄) ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်လတ်ခိုင် က ပြောသည်။

စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်မှုပြုလုပ်နေပြီး ယနေ့နံနက်အစောပိုင်းတွင် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး(တောင်ဈေး)ကို ဗုံးကြဲချခဲ့ခြင်းကြောင်း ဈေးကြီးတစ်ခုလုံးမီးလောင် ပြာကျခဲ့ သည်ဟု ဆိုသည်။

အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ MoU လုပ်သားများကို တွေ့ဆုံခဲ့ပြီး တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ SAHA Inter-Holding ခြေအိတ်စက်ရုံသို့ သွားရောက်ရာ စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို ၎င်းတို့၏ သက်ဆိုင်ရာ မိသားစုများ ထံ ရရှိလစာ ၂၅ ရာခိုင်နှုန်း ပေးပို့ကြရန် ပြောသည်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တာ် အပါအဝင် မြို့ကြီးများက စက်သုံးဆီဆိုင်များ၌ ကားများ တန်းစီဝယ်ယူမှုများနေခြင်းသည် Service ကောင်းသော ဆိုင်များမှာသာ အဓိကတန်းစီ ဝယ်ယူလိုကြခြင်းကြောင့်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်က ပြောသည်။

တပ်မတော်သားများ တစ်ဘက်မှာ အညံ့ခံပူးပေါင်းတာ မရှိဘဲ မိသားစုများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်အရ ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝရရှိရေးနှင့် အခွန်ပုန်း/ အခွန်ရှောင်များကို ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ကြောင်းစစ်ကောင်စီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

ဒီဇင်ဘာ ၁၀ သုံးသပ်ချက်

စစ်ကောင်စီဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် သူ့လက်အောက်ခံအဖွဲ့အစည်းများသည် စက်သုံးဆီကိစ္စ လက်ချသည့်ကိစ္စများအပါအဝင် ကိစ္စရပ်များတွင် ပြည်သူလူထုနှင့် တိုင်းပြည်အပေါ် နည်းမျိုး စုံဖြင့် လိမ်လည်ဝါဒဖြန့်ပြောဆိုနေသည်ကို တွေ့ရသည်။

ယခုရက်ပိုင်း စစ်ကောင်စီသည် ပြည်ပအလုပ်သမားများနှင့် ပြည်တွင်းရှိ ခက်ခဲကျပ်တည်း နေသည့် ပြည်သူလူထုထံမှ နည်းမျိုးစုံဖြင့် အခွန်စည်းကျပ်ရန် လုပ်ဆောင်လာသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly