မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှ လမ်းပတ် ထွက်ခွာတော့မည်

မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှ လမ်းပတ် ထွက်ခွာတော့မည်
(ဓာတ်ပုံ - နယူးယောက်စီးတီး)

ယခင် အင်္ဂလန်အသင်းနှင့် ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဖရန့်လမ်းပက်က မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှ ထွက်ခွာတော့မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က နယူးယောက်စီးတီးအသင်းနှင့် စာချုပ်ခဲ့ပြီး ဒီနှစ်ကုန်မှာ စာချုပ်သက်တမ်း ကုန်းဆုံးတော့မယ့် အသက် (၃၈) နှစ်အရွယ်ရှိ လမ်းပတ်က ကလပ်အသင်းမှာ သူ့ရဲ့ အချိန် "အဆုံးသတ်ဖို့ ဖြစ်လာပြီ"လို့ Instagram မှာ ရေးသားခဲ့ပါတယ်။

လမ်းပတ်က သူ့ရဲ့ ကစားသမားဘဝ "နောက်တစ်ဆင့်" ကို "မကြာမီ အချိန်"မှာ ထုတ်ဖော်သွားမယ်လို့ ဆိုပါတယ်။

လမ်းပတ်ဟာ ၂၀၁၅ ခုနှစ်က နယူးယောက်စီးတီးအသင်းကို ပြောင်းရွှေ့ကစားခဲ့ရာ (၃၁) ပွဲတွင် (၁၅) ဂိုး သွင်းယူပေးခဲ့ပါတယ်။ ကြားကာလတွေမှာတော့ မန်ချက်စတာစီးတီးဆီ အငှားနဲ့ သွားရောက် ကစားခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required