အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်ဆိုင်းပေးရန် တိုင်ကြားခြင်းမှာ ဥပဒေကြောင်းအရသာဖြစ်ကြောင်း တိုင်ကြား သူများက ပြန်လည်ဖြေရှင်း

အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်ဆိုင်းပေးရန် တိုင်ကြားခြင်းမှာ ဥပဒေကြောင်းအရသာဖြစ်ကြောင်း တိုင်ကြား သူများက ပြန်လည်ဖြေရှင်း

ရန်ကုန်၊ နိုဝင်ဘာလ ၁ ။             ။ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးနိုင်အား တာဝန်မှ ရပ်စဲပေးရန် တိုင်ကြားခဲ့ခြင်းမှာ တရားဥပဒေကြောင်းအရ တိုင်ကြာင်းခဲ့ခြင်းသာဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ်၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး မြို့နယ်အလုပ်မှုဆောင် ဒေါ်မိုးမိုးခိုင်က ပြောသည်။

ဒေါ်မိုးမိုးခိုင် ဝယ်ယူထားသည်ဆိုသည့် ရွှေနံ့သာစံပြ ကျေးရွာ ၂၂ လမ်းရှိ မြေကွက် အမှတ် ၆၈၂ နှင့် ပတ် သက်၍ ငွေကြေး ကိစ္စအလို့ငှာ ယင်းသို့ ချိန်းဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်မိုးမိုးခိုင်မှာ အဆိုပါ မြေကွက်အား ကျေးရွာ ဖွံ့ဖြိုးမှုဆောင်ရွက်ရန်အတွက် ရပ်မိရပ်ဖများ၏ရောင်းချမှုအရ ၂ဝ၁၄ခုနှစ်၊ ၁ လပိုင်း ၁၆ ရက်နေ့တွင် ငွေကျပ် သိန်း ၄ဝ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သူမက ရှင်းပြသည်။

ယင်းကဲ့သို့ ငွေကျပ် သိန်း ၄၀ ဖြင့် ဝယ်ယူခဲ့ပြီး အဆိုပါပါ ငွေများအား ပေးခြေခဲ့သော်လည်း မြေဂရံ ရရှိပါက ငွေကျပ် သိန်း၆၀ ထပ်မံပေးဆောင်ရမည်ဟု နှစ်ဖက် သဘောတူထားရာမှ ရာထူးမှဖယ်ရှားခံရသည့် အုပ်ချုပ် ရေးမှူး ဦးအေးနိုင်က မြေဂရံမကျမှီတွင် တောင်းခံလာခြင်း ဖြစ်ကြောင်း ဒေါ်မိုးမိုးခိုင်က ပြောသည်။

" အစ်မ အဓိက တိုင်ကြားခဲ့တာကတော့ စာအမှတ်မပါတဲ့ ဆင့်ခေါ်စာ နှစ်ကြိမ်ပေးပို့တာက တစ်အချက်၊ နှစ် အချက်ကတော့ အမကို ရုံးအပြင်မှာ နှစ်ယောက်တည်းတွေ့ဆုံဖို့အတွက် အကြိမ်ကြိမ် ချိန်းဆိုတာ၊ သုံးအချက် ကတော့ ငွေခြိမ်းခြောက်တောင်းလို့ အမက တရားဥပဒေလမ်းကြောင်းအရတိုင်းကြားခဲ့ရတာပါ။ " ဟု ၎င်းက ဆိုသည်။

ယင်းသို့ ပြုလုပ်လာသည့်အတွက် ဇွန်လ ၂၁ ရက်နေ့တွင် မြောက်ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ တိုင်းကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါအကြောင်းအရာများနှင့် ပတ်သက်၍ ရာထူးမှဖယ်ရှားခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ကို တွေ့ဆုံမေးမြန်းခဲ့ရာ " မချိန်းဘူး။ ဖုန်းဆက်ပြီးတော့လည်း မချိန်းဘူး။ ဖုန်းဆက်ပြောမိရင်တောင်မှ ကျွန်တော် ငွေကြေးတောင်းခံတဲ့ အကြောင်းမပြောဘူး" ဟု ပြောသည်။

ရွှေနံသာ စံပြကျေးရွာအုပ်စု ရပ်မိရပ်ဖ ၆ ဦးကလည်း အုပ်ချုပ်ရေးမှူး ဦးအေးနိုင်အား ကျေးရွာရပ်မိရပ်ဖများမှ ရောင်းချထားသော မြေကွက်နံပါတ် ၆၈၂ အား ကျုးကျော်ကွက်ဟု ဆိုကာ မြို့နယ်ထွေအုပ်ထံ တားမြစ်စာပေး ပို့ထားခြင်း၊ ကျူးကျော်သူများကို ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ အုပ်ချုပ်ရေးမှူးကိုယ်တိုင် စည်ပင်ပိုင်မြေ ပေါ် တွင် ကိုယ်ပိုင်ဈေး ဆိုင်ခန်း ကျူးကျော် ဆောက်လုပ်ခဲ့သည့်အပြင် အခြားကျူးကျော်ဆောက်လုပ်ထားသူများ ကိုလည်း တားမြစ်မှု မပြုလုပ်သည့်အတွက်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာ နသို့ ဇူလိုင်လ ၅ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း သိရသည်။

" သူ့ကို ပြောတယ်။ တို့ရပ်မိရပ်ဖတွေက နေပြီးတော့ ကျေးရွာအတွက် ရံပုံငွေယူထားတဲ့ ဒီအိမ်ကို မင်းတို့ သွား မလုပ်ပါနဲ့ကွာ။ ဒီအိမ်လုပ်မယ်ဆိုရင် ဒီပြင် ရွာပိုင်မြေတွေထဲမှာ ဝင်ရောက်ကျူးကျော်နေတဲ့ ဟာတွေရှိတယ်။ ဒီ အကွက်တစ်ကွက်တည်းကို ရွေးပြီးမလုပ်ပါနဲ့။ အဲဒီလိုမျိုး သူ့ကိုပြောခဲ့တယ်။ လက်မခံဘဲနဲ့ မိုးမိုးခိုင်တို့ အိမ်သွား ပြီးတော့ တားတယ်။ တားလို့မရတဲ့အခါကျတော့ လွှတ်တော်ကိုယ်စားလှယ် အောင်လှိုင်ဝင်းကိုခေါ်ပြီး ဆောက် နေတဲ့ အိမ်ရှေ့ထိ ခေါ်ပြီးတော့ သွားပြတယ်။ ရပ်မိရပ်ဖထဲမှာပါတဲ့ ဦးချစ်ရင်ကိုယ်တိုင် ပါသွားခဲ့တာ ပါ။ "ဟု ရပ်မိရပ်ဖ ဦးအေးထွန်းက ပြောသည်။

ယင်းသို့ တိုင်ကြားမှုများကြောင့် ဦးအေးနိုင်အား ကျေးရွာအုပ်စုအတွင်း အုပ်ချုပ်မှုလျော့ရဲမှုဖြစ်စဉ်များ ဖြစ် ပွားခြင်း၊ ဥပဒေအား လိုက်နာမှုမရှိခြင်း၊ ဖောက်ဖျက်ကျူးလွန်ခြင်း၊ အရည်အချင်း ပျက်ယွင်းမှုများရှိခြင်း စ သည့်သုံးသပ် ချက်များဖြင့် အုပ်ချုပ်ရေးမှူး တာဝန်မှ စက်တင် ဘာလ ၂၂ ရက် နေ့တွင် ရပ်ဆိုင်းလိုက် ခြင်း ဖြစ်သည်။

ထိုသို့ရပ်ဆိုင်းလိုက်ခြင်းကြောင့် ရပ်ကွက်နေ ပြည်သူ ၇ဝဝကျော်က မကျေနပ်သည့်အတွက် လက်မှတ်ရေးထိုးပြီး ဝန်ကြီးချုပ်ရုံးသို့ တင်ပြခဲ့သဖြင့် အောက်တိုဘာလ ၁၉ ရက်တွင် မင်္ဂလာဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ပြန်လည် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required