လူ လေးဦးလိုက်ပါလာသည့် အင်ဒိုနီးရှား ကုန်တင်လေယာဉ်တစ်စင်း နိုင်ငံအရှေ့ဖျားတွင် ပျောက်ဆုံးနေ

လူ လေးဦးလိုက်ပါလာသည့် အင်ဒိုနီးရှား ကုန်တင်လေယာဉ်တစ်စင်း နိုင်ငံအရှေ့ဖျားတွင် ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံအရှေ့ဖျားရှိ ပါပူအာ ပြည်နယ်အတွင်း တောင်တန်းများ ထူထပ်သည့်နယ်မြေအတွင်း လူလေးဦးလိုက်ပါလာသည့် ကုန်တင်လေယာဉ်တစ်စင်း  ပျောက်ဆုံးနေကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားလိုက်သည်။

အီလာဂါမြို့သို့ သွားမည့်Turbo Caribou PK-SWW အမျိုးအစား အဆိုပါလေယာဉ်သည် တီမီကာမြို့ရှိ လေဆိပ်မှ အောက်တိုဘာ ၃၀ ည ၁၁ နာရီခန်တွင် စတင်ထွက်ခွာလာပြီး  တစ်နာရီနီးပါးအကြာတွင် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်လာပြီး လေယာဉ်မှူးနှစ်ဦးနှင့် ခရီးသည်နှစ်ဦး လိုက်ပါသွားသည့် အဆိုပါလေယာဉ်အား ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေလျက်ရှိသည်။

လေယာဉ်ပျောက်ဆုံးသွားသည့်နေရာမှာ သစ်တောများ ထူထပ်သည့်အပြင် နှင်းများကျဆင်းနေမှု၊ ရာသီဥတုဆိုးရွားမှုတို့ကြောင့်  ရှာဖွေမှုလုပ်ငန်းစဉ်များ ကြန့် ကြာနေကြောင်း သိရသည်။
ပါပူအာဒေသသည် သစ်တောများအလွန်ထူထပ်ပြီး ယခင်က ပျောက်ဆုံးခဲ့သည့် လေယာဉ်အချို့ကိုလည်း ပြန်လည်ရှာတွေ့ခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required