ကျောက်မျက်ဒီဇိုင်နာ ဂျွန်ဟာဒီ၏ အစိမ်းရောင်ကျောင်း စီမံကိန်း အင်ဒိုနီးရှားတွင် အောင်မြင်မှုရခဲ့၍ ဆက်လက်တိုးချဲ့ လုပ်ကိုင်သွားမည်

ကျောက်မျက်ဒီဇိုင်နာ ဂျွန်ဟာဒီ၏ အစိမ်းရောင်ကျောင်း စီမံကိန်း အင်ဒိုနီးရှားတွင် အောင်မြင်မှုရခဲ့၍ ဆက်လက်တိုးချဲ့ လုပ်ကိုင်သွားမည်

အောက်တိုဘာ ၂၀ ။                          ။ ကမ္ဘာကြီးကို ကူညီရန်နှင့် တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သော ကနေဒါနိုင်ငံသား ကျောက်မျက်ရတနာဒီဇိုင်နာ ဂျွန်ဟာဒီ၏ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်က အစိမ်းရောင် ကျောင်းစီမံကိန်းမှာ ယခုအခါ အောင်မြင်မှုများစွာ ရရှိထားခဲ့ပြီဖြစ်သည်။

ဘာလီကျွန်းပေါ်တွင် တည်ထားခဲ့သည့် အဆိုပါ အစိမ်းရောင်ကျောင်းတွင် တက်ရောက်သင်ကြားကြသည့် ကလေးငယ်များမှာ ဧကပေါင်းများစွာ ကျယ်ဝန်းသော ဥယျာဉ်ပန်းခြံများအလယ်ရှိ ဘေးပတ်လည်ဖွင့်စာသင်ခန်းများတွင် သင်ကြားကြရခြင်းဖြစ်သည်။

အဆိုပါ ဧက ၂၀ ကျယ် မြေနေရာအတွင်းရှိ အဆောက်အအုံများအားလုံးကို ဝါးများ၊ မြက်များ၊ ရွံ့အုတ်များဖြင့်သာ ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်ပြီး ဝင်းကြီးတစ်ခုလုံးတွင်လည်း   နေစွမ်းအင်သုံး လျှပ်စစ်၊ ဇီဝဓါတ်ငွေ့နှင့် မိုက်ခရိုဟိုက်ဒရို ရေအားလျှပ်စစ် ဖြင့် အသုံးပြုနေခြင်းဖြစ်သည်ဟု သိရသည်။

တက်ရောက်သင်ကြားနေသော ကလေးများအတွက်လည်း သဘာဝအစိမ်းရောင်၏ အကျိုးတရားများကို တွေ့ကြုံခံစားရစေနိုင်ရန် ရည်ရွယ်ကာ ဝါးများဖြင့် မည်ကဲ့သို့ ဖန်တီးဒီဇိုင်းထုတ်နိုင်သည် ဆိုသည်ကိုပါ သင်ယူကြရသည်ဟုလည်း သိရသည်။

အာရှဒေသ၏ အကြီးဆုံးသော ဝါးအဆောက်အဦးကြီးဟုပင် ခေါ်ဆို၍ ရနိုင်သည်အထိ အောင်မြင်လာခဲ့ပြီးနောက် ဂျွန်ဟာဒီအနေဖြင့် ယခုအခါ မက္ကဆီကိုနိုင်ငံတွင်ပါ ယင်းစီမံကိန်းကို ယူဆောင်လာခဲ့ပြီး ချဲ့ထွင်လုပ်ကိုင်ရန် ပြင်ဆင်နေခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required