ပါကစ္စတန်တွင် ဘတ်စ်ကားနှစ်စီးတိုက်မိပြီး ၃၀ ဦးထက်မနည်းသေဆုံး

ပါကစ္စတန်တွင် ဘတ်စ်ကားနှစ်စီးတိုက်မိပြီး ၃၀ ဦးထက်မနည်းသေဆုံး
(ဓာတ်ပုံ - အီးပီအေ)

အောက်တိုဘာ ၁၇ ။           ။ ပါကစ္စတန်တောင်ပိုင်း ပန်ဂျပ်ဘ်ဒေသတွင် ဘတ်စ်ကားနှစ်စီး တိုက်မိ၍ အနည်းဆုံး လိုက်ပါလာသူ ခရီးသည် ၃၀ ဦးထိ သေဆုံးသွားကြောင်း ရဲများက အောက်တိုဘာ ၁၇ ရက်တွင် ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ဒေသမြို့တော် လာဟိုးမြို့တောင်ဘက် ကီလိုမီတာ ၆၀၀ (၃၇၃ မိုင်) အကွာ ရာဟင်မ်ယာခန်မြို့အနီး ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

" ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေက ၃၀ အထက် ရှိနေပါပြီ" ဟု ရာဟင်ယာခန်မြို့ ရဲအရာရှိ ဟာဆန် အစ်ခ်ဘယ်လ်က ပြောသည်။

ထိုကဲ့သို့သော လူသေဆုံးသည့် ယာဉ်မတော်တဆမှုဖြစ်စဉ်များမှာ ယင်းနိုင်ငံတွင် ပုံမှန်ကဲ့သို့ ဖြစ်ပေါ်နေခဲ့ပြီး ယာဉ်စည်းကမ်းထိန်းသိမ်းလိုက်နာမှုပိုင်း အားနည်းနေခဲ့ပြီး ကျေးလက်ဒေသအများစုရှိ လမ်းများမှာလည်း ဆိုးရွားကြမ်းတမ်းနေလျက်ရှိသည်။

ယခုကဲ့သို့ ယာဉ်မတော်တဆမှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးထိခိုက်ခဲ့ရသည့်အပေါ် များစွာ ကြေကွဲဝမ်းနည်းမိကြောင်း ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်၏ ရုံးက ထုတ်ပြန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required