ရွန်နီကို မန်ယူပရိသတ်များ ဘယ်တော့မှလှောင်ပြောင်မည်မဟုတ်ဟု မော်ရင်ဟိုပြော

ရွန်နီကို မန်ယူပရိသတ်များ ဘယ်တော့မှလှောင်ပြောင်မည်မဟုတ်ဟု မော်ရင်ဟိုပြော

အောက်တိုဘာ ၁၆၊ မန်ချက်စတာ။            ။ မန်ယူပရိသတ်များသည် ဝိန်းရွန်နီကိုအလွန်လေးစားသဖြင့် မည်သည့်အခါတွင်မှလှောင်ပြောင်လိမ့်မည်မဟုတ်ဟု မော်ရင်ဟိုက ပြောသည်။

ရွန်နီသည်နိုင်ငံတကာပွဲကာလအတွင်း အင်္ဂလန်အသင်း မောလ်တာကိုအနိုင်ရသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဝင်ဘာလေကွင်း ပရိသတ်များ၏ လှောင်ပြောင်းခြင်းကို ခံခဲ့ရသည်။

သို့သော် မန်ယူနည်းပြမော်ရင်ဟိုက ရွန်နီသည် အိုးထရက်ဖို့ဒ်တွင် သို့မဟုတ် အဝေးကွင်းတွင် မန်ယူပရိသတ်များ၏ လွန်ကျူးသောအပြုအမူကိုကြုံတွေ့ရလိမ့်မည်မဟုတ်ဟု ပြောသည်။

ရွန်နီသည် အင်္ဂလန်ပွဲမတိုင်မီ စတုခ်နှင့်ကစားသည့်ပွဲတွင် အရန်ခုံ၌ထိုင်နေခဲ့ရသော်လည်း ပရိသတ်များ၏ အားပေးထောက်ခံမှု ကို ရရှိခဲ့သည်။

တနင်္လာညတွင် လီဗာပူးလ်နှင့် အန်ဖီးလ်သို့သွားရောက်ကစားရမည့် အဲဗာတန်ကစားသမားဟောင်းမှာ အလားတူပုံစံမျိုးပင် ကြုံတွေရလိမ့်မည်ဟု မျှော်လင့်ရသည်။

မော်ရင်ဟိုက “မန်ယူပရိသတ်တွေက သူ့ကိုလှောင်ပြောင်ကြမှာ မဟုတ်ပါဘူး။ နောက်ဆုံးပွဲတုန်းကဆိုရင် သူသွေးပူလေ့ကျင့်ခန်းလုပ်တော့ အိုးထရက်ဖို့ဒ်တစ်ကွင်းလုံးသူ့နောက်မှာရှိတယ်လို့ ကျွန်တော်ခံစားရပြီး စတုခ်နဲ့ပွဲကို ဝင်မကစားခင်သွေးပူလုပ်တော့လည်း ချက်ချင်းအားပေးထောက်ခံတာကို ခံရပါတယ်။

မန်ယူက သူ့အိမ်လိုခံစားရတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူနဲ့ထိုက်တန်တဲ့ လေးစားမှုကို ခံစားရတာပါ။ အန်ဖီးလ်မှာပဲလည်း အဲဒီလိုပဲကြုံတွေ့ရလိမ့်မယ်ဆိုတာ သူသိမှာပါ”ဟု ပြောသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required