၀တ်လစ်စားလစ်ဖြင့် ဗီဒီယိုရိုက်ကူးကာ အမေရိကန်ပြည်သူတွေကို မဲပေးဖို့ တိုက်တွန်းခဲ့တဲ့ ကေတီပယ်ရီ

၀တ်လစ်စားလစ်ဖြင့် ဗီဒီယိုရိုက်ကူးကာ အမေရိကန်ပြည်သူတွေကို မဲပေးဖို့ တိုက်တွန်းခဲ့တဲ့ ကေတီပယ်ရီ

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၈ ။               ။ ပေါ့ပ်ကြယ်ပွင့် ကေတီပယ်ရီသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် အမေရိကန် လူငယ်များ မဲပေးကြရန် တိုက်တွန်းသည့် ဗီဒီယိုကို  Rock The Vote ပရဟိတ အဖွဲ့အစည်း နှင့်  Funny Or Die ကုမ္ပဏီနှင့် ပူးပေါင်းကာ ရိုက်ကူးခဲ့သည်။

“Katy Perry Votes Naked” ဟု အမည်ပေးထားသော အဆိုပါ ဗီဒီယိုတွင် ကေတီပယ်ရီသည် အမေရိကန် အလံပုံစံငယ်များ ရိုက်နှိပ်ထားသော ညအိပ်ဝတ်စုံဖြင့် အိပ်ရာမှ နှိုးထလာခဲ့ပြီး မဲပေးရန် မဲရုံသို့ လမ်းလျှောက် သွားခဲ့ကြောင်းနှင့် မဲပေးခန်းသို့ ရောက်သောအခါ  ညအိပ်ဝတ်စုံကို ချွတ်ခဲ့သည်။

အဆိုပါ ဗီဒီယိုတွင် ကေတီက ကျွန်မတို့  ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့  အကျဉ်းချုပ် သိထားပြီးသား ဖြစ်ကြောင်း နှင့် ခင်ဗျားတို့ အိပ်ယာကနေ ထပြီး မဲသွားပေးကြပါဟု   ကေတီက   ပြောကြားခဲ့ပြီးနောက် မဲရုံအတွင်း မဲပေးနေသော သူများကို ပြသခဲ့သည်။ ယင်းနောက် ကေတီသည် ညအိပ်ဝတ်စုံကို ချွတ်ခဲ့ရာ ဝတ်လစ်စားလစ် ဖြစ်နေသော ကေတီကို ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ဖမ်းဆီးသွားခဲ့ပုံကို ရိုက်ကူးထားသည်။

ပယ်ရီသည် ရွေးကောက်ပွဲတွင် မဲပေးရန် ပြည်သူများကို တိုက်တိုက်ရာတွင် ဝတ်လစ်စားလစ်ဖြင့် ရိုက်ကူးသည့် ပထမဆုံး အနုပညာရှင် မဟုတ်ကြောင်း နှင့် အမေရိကန် သရုပ်ဆောင်မင်းသမီး လီနာဒန်ဟမ်သည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်းကလည်း  လူအများ သတိပြုမှု မြင့်တတ်လာရန် အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို မျှဝေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required