သံချပ်ကား ၂ စီး သိမ်းဆည်းခံရခြင်းမရှိကြောင်း စစ်ကောင်စီထောက်ခံသူများ သတင်းမှားဖြန့်

By JC ( မဇ္ဈိမ)
30 October 2023
သံချပ်ကား ၂ စီး သိမ်းဆည်းခံရခြင်းမရှိကြောင်း စစ်ကောင်စီထောက်ခံသူများ သတင်းမှားဖြန့်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှသိမ်းဆည်းရရှိထားသည့် သံချပ်ကားနှစ်စီးရုပ်သံမှာ ယူကရိန်းနိုင်ငံမှရုပ်သံဖြစ်ပြီး စစ်ကောင်စီ၏ သံချပ် ကားနှစ်စီး သိမ်းဆည်းခံရခြင်းမရှိကြောင်း စစ်ကောင်စီထောက်ခံသူများက ဖြန့်ဝေနေကြသည်။ ယင်းမှာ မှားယွင်းနေသည်။

Ko Thet တယ်လီဂရမ်ချန်နယ်မှ “ယူကရိန်းကပုံတွေနဲ့ ဂျင်းလိုက်ထဲ့နေတယ် အပျံမတို့က။ အဲ့ဘက်မှာ တောင်မြင့်လို့ အဆော့တာယာဉ်တွေပဲထားတာ ဂျင်းသတင်း သတိပြုဖို့ပါ” (မူရင်းအရေးအသားအတိုင်း) ဟု အောက်တိုဘာလ ၂၈ ရက်နေ့တွင် စတင်ဖြန့်ဝေထားသည်။ 
မူရင်းဖြန့်ဝေခဲ့သည့် Ko Thet ချန်နယ်မှ ပြန်ဖျက်ခဲ့သော်လည်း အခြားတယ်လီဂရမ်ချန်နယ်နှင့် ဂရုရှစ်ခု တွင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၁၈,၉၀၀ ကျော်ရှိနေသည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ထပ်ဆင့်ဖြန့် ဝေမှုများရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းအရာအားစစ်ဆေးခဲ့ရာ စစ်ကောင်စီ၏ သံချပ်ကား နှစ်စီးကို MNDAA မှ သိမ်းဆည်းခဲ့သည်မှာ အမှန်ဖြစ်ကြောင်း သက်သေများနှင့်တကွ တွေ့ရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် MNDAA ၏ စစ်ရေးသတင်းများကို ထုတ်ပြန်နေသည့် The Kokang ဖေ့စ်ဘုတ်စာမျက်နှာမှ “အောက်တိုဘာ ၂၈ ရက်နေ့ MNDAA ရဲဘော်များက ချင်းရွှေဟော်စစ်နယ်မြေမှာ စစ်ကောင်စီ၏ သံချပ်ကာတင့်ကားနှစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့” ခေါင်းစဉ်ဖြင့် သံချပ်ကားတစီးကို MNDAA ရဲဘော်များမှ သိမ်းပိုက်ရရှိထားသည့် ရုပ်သံကို ကနဦး ဖြန့်ဝေထားသည်။
လင့် https://bit.ly/45WlQtc

သတင်းမှားတွင် အသုံးပြုထားသည့်ဓာတ်ပုံများသည် ယင်းရုပ်သံဖိုင်မှ ရယူထားခြင်းဖြစ်သည်။ ရုပ်သံဖိုင် တွင်ပြောဆိုနေသည့် စကားသံများသည် ယူကရိန်းဘာသာစကားမဟုတ်ဘဲ “ပျက်စီးသွားပြီ ဒီတင့်က ဒါကို ပြုပြင်ပြီး ပြန်သုံးလို့ရရင် ကောင်းမယ်” ဟု တရုတ်ဘာသာစကားဖြင့် ပြောဆိုနေခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် MNDAA မှ စစ်ကောင်စီ၏ တပ်စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် သံချပ်ကားပေါ်၌ မတ်တပ်ရပ်ကာ MNDAA အလံကိုင်ဆောင်ထားသည့် ရဲဘော်များ၏ ဓာတ်ပုံများဖြင့် ထပ်မံဖြန့်ဝေထားသည်။
လင့် https://bit.ly/49dXgXC
လင့် https://bit.ly/3QDnQ5o

သံချပ်ကားနှစ်စီးကို ချင်းရွှေဟော်ဒေသရှိ စစ်ကောင်စီ၏ အခိုင်မာဆုံးတပ်စခန်းတခုဖြစ်သည့် မာကြာ တစ်ပေါက်ပေါက်တောင်ကုန်းမှ တပ်စခန်းကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင်  MNDAA မှ စီးနင်းတိုက်ခိုက်မှုအတွင်း ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း The Kokang ဖေ့စ်ဘုတ်စာမျက်နှာမှ ထုတ်ပြန်ချက်အရ သိရသည်။ 
လင့် https://bit.ly/3sb6Zxc

ထို့ကြောင့် စစ်ကောင်စီ၏ သံချပ်ကားနှစ်စီးကို MNDAA မှ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ယူကရိန်းနိုင်ငံမှ ရုပ်သံ ဖြင့်ဖော်ပြထားသည်ဟု စစ်ကောင်စီထောက်ခံသူများ ဖြန့်ဝေနေခြင်းမှာ မှားယွင်းနေပြီး ချင်းရွှေဟော် ဒေသရှိ မာကြာတစ်ပေါက်ပေါက်တောင်ကုန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်စခန်းကို MNDAA က သိမ်းပိုက်ပြီးနောက် သံချပ်ကားနှစ်စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required