ဆွာရက်ဇ်နှင့်အဂူရိုတို့၏ အရည်အသွေးများကို ပေါင်းစပ်ကာ ဆန်းချက်ဇ် ကစားနိုင်စွမ်းရှိဟု အာစင်ဝင်းဂါးပြော

ဆွာရက်ဇ်နှင့်အဂူရိုတို့၏ အရည်အသွေးများကို ပေါင်းစပ်ကာ ဆန်းချက်ဇ် ကစားနိုင်စွမ်းရှိဟု အာစင်ဝင်းဂါးပြော

သြဂုတ် ၂၀၊ လန်ဒန်။          ။ ဆန်းချက်ဇ်သည် ဆွာရက်ဇ်နှင့်အဂူရိုတို့၏ အရည်အသွေးနှင့် တာဝန်များကို တစ်ခုတည်းဖြစ်အောင်  ပေါင်းစပ်ကစားနိုင်စွမ်းရှိပြီး အာဆင်နယ်၏ တိုက်စစ်မှူး အခက်အခဲကို  ဖြေရှင်းနိုင်လိမ့်မည်ဟု အာစင်ဝင်းဂါးက ယုံကြည်နေသည်။

အာစင်ဝင်းဂါးသည် လီဗာပူးလ်နှင့်ကစားခဲ့သောပွဲတွင် ချီလီလက်ရွေးစင် ရှေ့တန်းကစားသမားကို ကွင်းလယ်ပိုင်း၌ထားကစားခဲ့ သည်။

ဆန်းချက်ဇ်သည် ၂၀၁၄ တွင် ပေါင် ၃၃ သန်းဖြင့်ပြောင်းလာပြီးနောက် ပွဲအများစုကို ဘယ်ခြမ်းကစားသမားအဖြစ်ကစားခဲ့သော် လည်း ယင်းကစားသမားတွင် တိုက်စစ်မှူးစစ်စစ် အဖြစ်အောင်မြင်နိုင်သည့် အရည်အသွေးများပိုင်ဆိုင်ထားသည်ဟု ဝင်းဂါးက ယုံကြည်နေသည်။

အာစင်ဝင်းဂါးက ဆန်းချက်ဇ်၏လုပ်အားနှုန်းကို ဘာစီလိုနာကြယ်ပွင့် ဆွာရက်ဇ်နှင့်လည်းကောင်း၊ နည်းစနစ်ပိုင်နိုင်မှုကို မန်စီးတီးဂိုးသွင်းစက် အဂူရိုနှင့်လည်းကောင်း နှိုင်းယှဉ်ပြောဆိုသည်။ ယင်းမှာ အသင်းမှတိုက်စစ်မှူးဂျရူးဒ်အတွက် သတင်းဆိုး လည်းဖြစ်သည်။

ဆန်းချက်ဇ်တွင် အဂူရိုကဲ့သို့ကျွမ်းကျင်မှုရှိလားဆိုသည့်မေးခွန်းကို ဝင်းဂါးက “ရှိပါတယ်။သူက နည်းစနစ်ပိုင်းမှာ ထိပ်တန်းပါပဲ။ ဆွာရက်ဇ်နဲ့လည်း အရည်အချင်းတူပါတယ်။   နောက်တန်းကစားသမားတွေကို အချိန်ကိုက်ကျော်ဖြတ်ပြေးနိုင်စွမ်းလည်းရှိပါ တယ်။

သူ့ကို အထောင်တိုက်စစ်အဖြစ် (ကာလရှည်) ထားကစားလို့ရတယ် ထင်ပါတယ်။ ဘာစီလိုနာမှာတုန်းကလည်း အထောင် တိုက်စစ်မှူးအဖြစ်ကစားခဲ့ပါတယ်”ဟု ပြောသည်။

အာစင်ဝင်းဂါးသည် ယခုနှစ်နွေရာသီတွင် တိုက်စစ်မှူးသစ်ခေါ်ရန် ကြိုးစားခဲ့သေးသည်။ လက်စတာတိုက်စစ်မှူး ဗာဒီကို ပေါင်သန်း ၂၀ ဖြင့်ခေါ်ယူနိုင်ရန် နီးစပ်ခဲ့ပြီးမှ တိုက်စစ်မှူးက လက်စတာနှင့် စာချုပ်သက်တမ်းတိုးသွားခဲ့သည်။

လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကိုကြိုးပမ်းမှုမှာလည်း လိုင်ယွန်အသင်းက ပေါင်သန်း ၄၀ ကျော်တောင်းဆိုသဖြင့် နောက်ဆုတ်ခဲ့ရသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly