ဂျာမနီအပါအဝင် ဥရောပ (၅) နိုင်ငံသို့ မြန်မာ့ လက်ရွေးစင်အသင်း ခြေစမ်းခရီးစဉ် သွားမည်

ဂျာမနီအပါအဝင် ဥရောပ (၅) နိုင်ငံသို့ မြန်မာ့ လက်ရွေးစင်အသင်း ခြေစမ်းခရီးစဉ် သွားမည်
(ဓာတ်ပုံ - MFF)

လာမယ့် နိုဝင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်မှု အဖြစ် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းအနေနဲ့ ဂျာမနီနိုင်ငံအပါအဝင် ဥရောပ (၅) နိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့ လက်ရွေးစင်အသင်းဟာ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနှင့် ဆိုက်ပရပ်စ်နိုင်ငံများသို့ သွားရောက် လေ့ကျင့်မှုများ ပြုလုပ်ရင်း ခြေစမ်းပွဲများ ကစားမှာဖြစ်ပါတယ်။

မြန်မာ့ လက်ရွေးစင်အသင်းအနေနဲ့ အဆိုပါ နိုင်ငံများတွင် မည်သည့် အသင်းများနဲ့ ခြေစမ်းပွဲများ ကစားမည်ကို လက်ရှိအချိန်မှာ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။

မြန်မာအသင်းအနေဖြင့် စက်တင်ဘာ ၁၀ ရက်တွင် ဂျာမနီနိုင်ငံသို့ ထွက်ခွာမှာဖြစ်ပြီး ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနှင့် ဆိုက်ပရပ်စ် နိုင်ငံများတွင် တစ်လကျော်ကြာ နေထိုင်လေ့ကျင့်သွားမှာဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပါမယ်။

မြန်မာ့ လက်ရွေးစင်အသင်းကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြီး လာမည့် သြဂုတ် ၂၃ ရက်တွင် စတင်စုစည်း လေ့ကျင့်သွားမှာ ဖြစ်ပြီး လက်ရှိတွင် ကစားသမား (၂၆) ဦးရွေးချယ်ထားပါတယ်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်း

 ဂိုး – ကျော်ဇင်ဖြိုး(မကွေး)၊ ရန်အောင်လင်း(ရတနာပုံ)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်း)။

နောက်တန်း – နန္ဒကျော်၊ကျော်ဇင်လွင် (မကွေး)၊ ဟိန်းသီဟဇော်၊ဇော်လင်း (ရှမ်းယူနိုက်တက်)၊ ဖြိုးပိုင်စိုး (ဇေယျာရွှေမြေ)၊ ဇော်မင်းထွန်း၊ဒေးဗစ်ထန်(ရန်ကုန်)၊ ဖြိုး ကိုကိုသိန်း (ဧရာဝတီယူနိုက်တက်)၊ အောင်ဇော် (ဟံသာဝတီ)။

အလယ်တန်း – မျိုးကိုထွန်း ၊ လှိုင်းဘိုဘို ၊ရဲကိုဦး၊အောင်သူ (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)၊
ရန်နိုင်ဦး (ရှမ်းယူနိုက်တက်)၊ ဆော်လမန် (ချင်းယူနိုက်တက်)၊ သီဟဇော် (ဧရာဝတီ)၊ မောင်မောင်လွင် (ဟံသာဝတီ)။

ရှေ့တန်း – ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ ဝင်းနိုင်စိုး (ရတနာပုံ)။

ရင်းမြစ် - Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required