ချောင်းဦးမြို့နယ်ရှိ သမိုင်းဝင်ရွှေဂူကြီး ဘုရားဝန်းအတွင်း မြေကျင်းတူးရာမှ တွေ့ရှိခဲ့သော စေတီအား တူးဖော်မည်

ချောင်းဦးမြို့နယ်ရှိ သမိုင်းဝင်ရွှေဂူကြီး ဘုရားဝန်းအတွင်း မြေကျင်းတူးရာမှ တွေ့ရှိခဲ့သော စေတီအား တူးဖော်မည်
ဓာတ်ပုံ မာန်ဇာမြေမွန်
 

မုံရွာ၊ ဇူလှိုင် ၂၇။              ။ မုံရွာခရိုင် ၊ချောင်းဦးမြို့နယ်၊ သမိုင်းဝင် ရွှေဂူကြီးဘုရားဝန်း အတွင်း မြေကျင်းတူးရာမှ မြေအောက် နှစ်တောင်အနက်တွင် စေတီဟုယူဆရဖွယ် သဏ္ဍာန်များ ဇူလှိုင် ၂၄ ရက်ကတွေ့ရှိခဲ့ရပြီး တူးဖော်သွားမည်ဖြစ်ကြောင်း ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။

ဇူလှိုင် ၂၄ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့ရပြီး မြို့နယ်သံဃာတော်များ၊ ဂေါပက အဖွဲ့ဝင်များ၊ရှေးဟောင်းသုတေသနဌာန တို့ ပူူးပေါင်းဆွေးနွေးပွဲကို ဇူလှိုင် ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး တူးဖော်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သမိုင်းဝင် ရွှေဂူကြီးဘုရားအတွင်း ကျောက်မဏ္ဍပ် တည်ဆောက်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေစဉ် အုပ်မြစ် တူးရာမှ စေတီတစ်ဆူ၏ ပုံစံများတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"မြေကြီးထဲမှာဆိုတော့ ဘာရယ်လို့ အတိအကျ မသိနိုင်ဘူး၊ ဒါပေမဲ့ တွေ့ရတဲ့ ရုပ်ထုအနေအထားကို ကြည့်ရင် စေ တီဖြစ်ဖွယ် ရှိတယ်၊ မနုသီဟရုပ်ထုနဲ့   စေတီရင်ပြင်အစွန်း လေးကို တွေ့ရတာပါ  ၊ ခြင်္သေရုပ်ကျိုးပျက်နေတာ ကို  လည်း တွေ့ရတယ်။အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ တူးဖော်သွားမှာဖြစ်ပါတယ်" ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြော သည်။

မြေတူးရာမှတွေ့ရှိခဲ့သော ပေါ်တော်မူ စေတီအား ဆက်လက်တူးဖော်ရာတွင် အကြမ်းထည်မြေသားအား ဂေါပကအဖွဲ့မှ တာဝန်ယူရန်၊ အနုစိတ်တူးဖော်မှုအား ရှေးဟောင်းသုတေသနမှ တာဝန်ယူရန်၊ စသည့်တို့ ဆွေးနွေးခဲ့ကြောင်း သိရ သည်။

ချောင်းဦးမြို့၊ ရတနာရွှေဂူဘုရားကြီး အား မြန်မာသက္ကရာဇ် ၂၂၈ ခုနှစ်က ညောင်ဦးစောရဟန်မင်းက စတင် တည် ထား ကိုးကွယ်ခဲ့ကြောင်း မြို့ခံစာရေးဆရာ မောင်မြေမွန်(ချောင်းဦး) ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required