အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုများ ဆန့်ကျင်တရားများ ဗလီများတွင် ဟောရန် ဘင်္ဂလားဒေ့ရှ်တွင် တိုက်တွန်း

အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုများ ဆန့်ကျင်တရားများ ဗလီများတွင် ဟောရန် ဘင်္ဂလားဒေ့ရှ်တွင် တိုက်တွန်း

ဒါကာ၊ ဇူလိုင် ၁၆ ။                ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အားလုံးသော ဗလီ ၃၀၀၀၀၀ တွင် အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုများကို ဆန့်ကျင်ဟောပြောရန် တိုက်တွန်းထားသည်။

နိုင်ငံပိုင်ဖြစ်သော Islamic Foundation အဖွဲ့က “မည်သူတစ်ဦးတစ်ယောက်ကို မဆို တရားမဲ့သတ်ဖြတ်ခြင်းများ”အားရှုတ်ချသည့် တရားဟောစာကို ရေးသားကာ ဗလီများတွင် ဟောကြားရန် တိုက်တွန်းထားခြင်းဖြစ်သည်။

ထိုပြင် ကလေးငယ်များအား အယူအဆရိုက်သွင်းခံရခြင်းများမှ မိဘများက ကာကွယ်ကြရန်လည်း တိုက်တွန်းသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း လူ ၂၀ သေဆုံးသည့် ဒါကာက ကော်ဖီဆိုင်အား စီးနင်းတိုက်ခိုက်ခြင်းအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အစ္စလာမ်မစ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့်ဖြစ်သည်။

နိုင်ငံအတွင်း အိဒ်ပွဲတော်ကာလ အကြီးဆုံးလူစုရုံးမှုတွင် ရဲအစောင့်အကြပ်အား တိုက်ခိုက်မှုလည်းဖြစ်ခဲ့သည်။ ကော်ဖီဆိုင်တိုက်ခိုက်မှုနှင့် အိဒ်ပွဲတော်တိုက်ခိုက်မှုများအား ကျုးလွန်ကြောင်း အိုင်အက်စ်အဖွဲ့က ကြေညာချက်ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required