ESPYS ၏ ကမ္ဘာ့အကောင်းဆုံးအားကစားသမားဆုကို စီရော်နယ်ဒို ရရှိ

ESPYS ၏ ကမ္ဘာ့အကောင်းဆုံးအားကစားသမားဆုကို စီရော်နယ်ဒို ရရှိ

ဇူလိုင် ၁၄၊ အမေရိကန် ။                ။ ယူရိုဖလားကြီးကို ကိုင်မြှောက်ပြီး သုံးရက်အကြာတွင် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ESPYS ၏ကမ္ဘာ့အကောင်းဆုံးအားကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။

စီရော်နယ်ဒိုသည် ထိုဆုကို ဒုတိယအကြိမ်မြောက် ရရှိခြင်းလည်း ဖြစ်သည်။ ဆုရရှိခဲ့သော်လည်း စီရော်နယ်ဒိုမှာ ဆုပေးပွဲကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

အေဘီစီ ရုပ်သံကုမ္ပဏီက တစ်နှစ်တာအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြသည့် အားကစားအသင်းများနှင့် အားကစားသမားများကို ရွေးချယ်၍ ဆုများပေးအပ်ခြင်းဖြစ်သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိကို ESPN ကုမ္ပဏီက ကြီးမှူး၍ဆုများပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ABC က လွှဲပြောင်းယူခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် တစ်နှစ်တာအတွင်း အကောင်းဆုံးအမျိုးသားအားကစားသမားဆုကို အမေရိကန်ဘက်စကက်ဘောသမား လီဘရွန်ဂျိမ်းစ်က ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုကိုမူ အမေရိကန်ဘက်စကက်ဘောမယ် ဘရီယာနာစတီးဝက်က ရရှိခဲ့သည်။

အမေရိကန်အမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး အက်ဘီဝမ်းဘက်ချ်မှာ ဘက်စကက်ဘောသဘော ကိုဘီဘရိုင်ယန်နှင့်အတူ စံပြကစားသမားဆုကို ရရှိခဲ့သည်။

မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို ဂျီယိုဗင်ကို၊ တင်းနစ်(အမျိုးသား)တွင် ဂျိုကိုဗစ်၊ ဂေါက်သီး(အမျိုးသမီး)တွင် လိုင်ဒီယာကိုတို့က အသီးသီးဆုများ ရရှိခဲ့ကြသည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required