'လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ခေတ်ကုန်ဆုံးသွားပြီ' - မန်ယူဂန္ထဝင် ဝိန်းရွန်နီက Ballon d'Or အတွက် အာလင်း ဟာလန်းကို ရွေးချယ်

'လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ခေတ်ကုန်ဆုံးသွားပြီ' - မန်ယူဂန္ထဝင် ဝိန်းရွန်နီက Ballon d'Or အတွက် အာလင်း ဟာလန်းကို ရွေးချယ်

လီယွန်နယ်မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ခေတ် အဆုံးသတ်သွားပြီလို့ ဝိန်းရွန်းနီက ပြောပြီး  ဟာလန်းဟာ နောက်ထပ် အကြီးကျယ်ဆုံးကစားသမားအဖြစ် မန်ချက်စတာယူနိုက်တက် ဂန္တဝင်က သုံသပ်လိုက်ပါတယ်။

သူတို့ကြားမှာ ဘလွန်းဒီအော် (Ballon d’Or)ဆု ၁၂ ကြိမ်ထိ ရယူပြီး အောင်မြင်မှုဂုဏ်ရှိတဲ့ ထာဝရပြိုင်ဘက်နှစ်ဦးဟာ သူတို့ရဲ့ သက်ဆိုင်ရာ ကစားသမားဘ၀ နေဝင်ချိန် နီးကပ်လာနေပေမယ့်လည်း သူတို့နှစ်ဦးစလုံးဟာ လှုံဆောင်မှုတွေ အများကြီးကျန်နေသေးတယ်လို့ ထင်ရပါတယ်။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဘောလုံးလောကမှာ တစ်ခါမှမမြင်ဖူးတဲ့ ထိပ်ဆုံးအဆင့်တွေအထိ တစ်ဦးချင်း ထက်မြက်မှုကို မြှင့်တင်ပေးခဲ့ကြပြီး သူတို့ဟာ အခုအခါ မျိုးဆက်သစ်တွေအထိ အထင်ရှားဆုံး ခြေရာတွေအတိုင်း လိုက်နင်းနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီ စူပါစတား အမ်ဘာပီဟာ ဒီတာဝန်ကို ဦးဆောင်ဖို့ အဆင်သင့်ရှိသူတွေထဲမှာ ပါဝင်နေပေမယ့်လည်း မန်ချက်စတာစီးတီးတိုက်စစ်မှူး ဟာလန်းဟာ ဒီနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၄၂ ပွဲကစား၊ ၄၈ ဂိုးနဲ့ ရွှေဘောလုံးကို ရယူမယ့် နောက်ထပ်ကစားသမားဖြစ်လာနိုင်တယ်လို့ ရွန်းနီက တွေ့သိနေပါတယ်။

“လက်ရှိအချိန်မှာ အာလင်း ဟာလန်းက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားပါ။ လီယွန်နယ် မက်ဆီက အကြီးကျယ်အခမ်းနားဆုံးဖြစ်ပေမယ့်လည်း အခုအချိန်မှာတော့ ဟာလန်ထက် ပိုကောင်းအောင် ကစားနိုင်သူ မရှိပါဘူး။ သူတင်တဲ့ ကိန်းဂဏန်းတွေ၊ သူတင်ထားတဲ့ စွမ်းဆောင်ရည်တွေနဲ့ သူပြသတဲ့ စိတ်ဓာတ်၊ ဉာဏ်ရည်ဉာဏ်သွေးတွေကြောင့် သူဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်နေပါတယ်။”လို့ ရွန်းနီက  The Times မှာ ပြောပါတယ်။

၂၀၂၃ ရွှေဘောလုံးအတွက် ပြိုင်ပွဲမှာ ၂၀၂၂ ကမ္ဘာ့ဖလားဆုရှင် မက်ဆီကို ကျော်ဖြတ်ဖို့ ဟာလန်းရဲ့ စိန်ခေါ်မှုအပေါ်  ယူနိုက်တက်ရဲ့ ထာဝရဂိုးသွင်းရှင်ကတော့ “ဘယ်သူက ဘလွန်းဒီအော်ဆု ဆွတ်ခူးသွားမလဲဆိုတာကို ခင်ဗျား စောင့်ကြည့်လိုက်ပါ။ သူ့အနေနဲ့ ဒီရာသီမှာ သူ့ရဲ့ပုံစံကို ထိန်းထားနိုင်မယ်ဆိုရင် သူ့အတွက်ပဲဖြစ်လာမှာပါ။ ပြီးတော့ သူဘာကြောင့် မရနိုင်ရမှာလဲ။ ၂၆၄ ပွဲမှာ ၂၂၄ ဂိုး သွင်းထားတဲ့ စံချိန်က အဆင့်အတန်း မကျဆင်းတဲ့ ကစားသမားတစ်ယောက်ရဲ့ အမှတ်အသားပါပဲ။ ကျနော်တို့ မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ခေတ်တစ်ခုမြင်တွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်ကတော့ ဟာလန်းနဲ့ အမ်ဘာပေတို့ရဲ့ ခေတ်ပါပဲ။"လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ နွေရာသီက ဒေါ့မွန်အသင်းမှ ပေါင် ၅၁ သန်း (ဒေါ်လာ ၆၃ သန်း) နဲ့ ပြောင်းရွှေ့လာပြီးနောက် စီးတီးအတွက် ထင်ပေါ်သူဖြစ်လာကာ ပက်ဂွာဒီယိုလာရဲ့ အသင်းကို ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်တို့မှာ ဖလားသုံးလုံးရရှိအောင် ရယူပေးနိုင်မယ်ဆိုရင်တော့ ဘလွန်းဒီအော် အတွက် တကယ်ပဲ ယှဉ်ပြိုင်သူဖြစ်လာမှာပါ။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly